အပိုင်း(၂၂)

9.5K 989 99
                                    

အတိတ်....

"သား ဟိုရောက်ရင်ကြီးမေတို့ကိုကောင်းကောင်းဆက်ဆံနော် ဂျီမကျရဘူး"

မညီညာသည့်မြေသားရွာလမ်းလေးမှာမောင်းနေရတာကြောင့် ကားကလှုပ်ခါရမ်းနေတော့သည်။မူးဝေလာသည့်ခေါင်းကြောင့်မျက်လုံးတို့ကိုမှိတ်ကာကားပြတင်းပေါက်ကိုခေါင်းမှီနေတုန်း ဘေးဘက်ကမေမေ့ဆီမှစကားသံထွက်လာ၏။

"ဟုတ်ကဲ့ပါမေမေရဲ့"

ရာဇတို့အခုမိခင်၏အမဖြစ်သူရှိသည့်ဇလပ်ရွာဆီအလည်သွားနေကြတာဖြစ်သည်။မေမေကအဖေနှင့်အိမ်ထောင်ကျပြီးရန်ကုန်မြို့ကြီးသို့ပြောင်းရွှေ့ခဲ့ရသော်လည်း မေမေ့မိသားစုကတော့ ဇာတိမြေကိုမခွဲနိုင်ကြတာကြောင့် ရာဇကျောင်းပိတ်ရက်ရောက်မှသာ အမျိုးတွေရှိသည့်ရွာဇနပုဒ်ကို အလည်တစ်ခေါက်ရောက်ခြင်းဖြစ်သည်။

"ဘာဟုတ်ကဲ့ပါမေမေလဲ ကြည် မင်းသားကအမြဲပြဿနာရှာနေတာကို"

အတိုင်အဖောက်ညီနေကြသည့်သားအမိနှစ်ယောက်ကို ဦးရာဖေခေါင်းခန်းမှာကားမောင်းနေရင်းကပြောလိုက်သည်။တစ်ဦးတည်းသောသားလေးမို့အရာရာအလိုလိုက်အကြိုက်ဆောင်ပေးခဲ့တော့ သားကတစ်ဇွတ်ထိုးတစ်ဇောက်ကန်းနှင့်သူထင်ရာကိုသူလုပ်တတ်သည်။

"ဘမျိုးဘိုးတူတဲ့ ကျွန်တော်ဆိုးလည်းအဖေနဲ့တူလို့နေမှာပေါ့"

"ဘာကွ!"

"ကဲကဲ ဒီသားအဖေတွေတော်ကြတော့ အကိုလည်းကားကိုသာဂရုစိုက်မောင်းပါရှင်"

သူတစ်ပြန်ကိုယ်တစ်ပြန်နှင့် အမြဲတကျက်ကျက်ရန်ဖြစ်တတ်သည့်သားအဖကိုဒေါ်တင်ကြည်ဝင်၍တားရတော့သည်။မဟုတ်လျှင် ကားပေါ်မှာတင်စကားနိုင်လုပွဲဖြစ်သွားနိုင်သည်။၁၃နှစ်သာရှိသေးသည့်သားသည် ဖအေဖြစ်သူနှင့်အပြိုင်ပြောနိုင်လောက်သည်အထိလျှာသွက်လှသည်။အဖိုးတန်သားလေးရထားတာကံကောင်းပေမဲ့ တစ်ခါတစ်ရံယခုလိုသားအဖတွေစကားနိုင်လုကြသည့်အခါ သူမနားမခံနိုင်။ထို့ကြောင့် မလာသေးသည့်ဘေးကိုကြိုတားလိုက်တာဖြစ်သည်။နှစ်ယောက်လုံးကလည်း သူမကိုသိပ်ချစ်ကြတော့ကိုယ်တစ်ခွန်းဆိုတစ်ခွန်းတိတ်သွားကြတော့၏။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now