အပိုင်း(၇)

13K 1.3K 183
                                    

ဝတ်ထားသည့်ပုဆိုးနှင့်အင်္ကျီကိုချွတ်ချကာ ဖိနပ်ပါတစ်ခါတည်းချွတ်၍ရေထဲသို့အပြေးဆင်းရသည်။ရေထဲတွင်မြှပ်နေသည့်ကောင်လေးသည် မကြာခင်မှာအနည်းငယ်ပေါ်နေသည့်လက်ကလေးပါဆုံးဆုံးမြှပ်တော့မည်။

တော်သေးတာပေါ့...အောက်မှာဘောင်းဘီတစ်ထပ်ခံဝတ်ထားမိပေလို့။

ရေကသိပ်မနက်ပါဘဲ ထိုကောင်လေးဘာကြောင့်ရေနစ်ရသလဲ။မဟုတ်မှ ကြွက်တတ်လို့များလား။

ရေကရာဇအရပ်နှင့်ဆိုလျှင်နံရိုးနားလောက်သာရှိတာကြောင့် အချိန်အနည်းငယ်အတွင်းမှာပင် ထိုကောင်လေးအနားသို့ရောက်သွားသည်။ရေအောက်ငုံ့ကာ အန္တရာယ်ရှိနေသည့်ကောင်လေးကို ချိုင်းမှဆွဲမလိုက်သည်နှင့်တပြိုင်နက်.....

"အားးး"

"အားးး"

အော်သံနှစ်ခုကတပြိုင်နက်တည်းပေါ်ထွက်လာသည်။ချိုင်းမှဆွဲကာ မ'မတင်ရသေးခင် ရေထဲမှဗွမ်းခနဲထွက်လာသောသိုးပေါက်လေးရဲ့ခေါင်းနှင့်အတူ အသံဆာဆာလေးဖြင့်အော်သည့်အသံနောက်က ရာဇ၏အထိတ်တလန့်အော်သံ။

"ခင်ဗျားဖင်ဂဏန်းညှပ်လို့အော်နေတာလား"

"ခင်....ခင်ဗျားရေနစ်နေတာမဟုတ်ဘူးလား"

"ရူးနေလား ရေငုံ့ပြီးငါးတွေကျောက်စရစ်ခဲတွေကိုကြည့်နေတာ ဒီလောက်ရေတိမ်တိမ်လေးကိုနစ်စရာလားဗျ"

"ဘယ်သိမလဲ ရေနစ်တယ်ထင်လို့ စိတ်ပူပြီးကျုပ်ကလာကယ်ပေးတာ"

"ခင်ဗျားကဘာလို့စိတ်ပူ....ဟင်! ခ..ခဏ ခင်ဗျားလက်"

တောင့်တောင့်ကလေးဖြစ်သွားကာ မျက်လုံးတွေပြူးကျယ်ရင်းပြောလာသည့်စကားကြောင့် ရာဇဖြစ်ပျက်သွားသည့်အခြေအနေကိုပြန်လည်ဆန်းစစ်ကြည့်သည့်အခါ...

ဟင်!

ထိုအသံကစိတ်ထဲမှရေရွတ်လိုက်သံဖြစ်သည်။

ကောင်လေးရဲ့ခါးပေါ်သို့ရောက်နေသော ရာဇ၏လက်နှင့်အတူ ရင်ဘတ်ချင်းကလည်းထိစပ်နေသည်။အခြေအနေအလုံးစုံကိုသတိထားမိသည့်အခါ ပိုမိုတောင့်တင်းသွားရတာကတော့ရာဇပင်။နှစ်ယောက်လုံးကအင်္ကျီမဝတ်ထားတာကြောင့် အသားချင်းထိစပ်နေမှုသည်ရင်တုန်ဖွယ်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now