အပိုင်း(၆)

13.5K 1.4K 210
                                    

မွန်းတည့်နေကခေါင်းအပေါ်တည့်တည့်သို့ကျရောက်နေချေပြီ။သို့သော်...အပူဒဏ်ကိုတော့ဖြင့် စောလွန်းတို့မခံစားရသည်မှာ တဲကိုအုပ်မိုးထားသည့်ဓနိမိုးကြောင့်ဖြစ်လိမ့်မည်။

"ခင်ဗျား ဦးနှောက်မှန်ရဲ့လား"

".............."

တည်ငြိမ်သည့်မျက်နှာနှင့်အတည်ပေါက်ကြီးလိုလိုပြောနေသည့်ဗိုလ်ရာဇဆိုသည့်လူကို စောလွန်းအော်မေးလိုက်သော်လည်း စောလွန်းမျက်နှာကိုစူးစိုက်ကြည့်ကာ ပြန်ဖြေကြားလာခြင်းမရှိပေ။ဘယ်လို...စောလွန်းကသူနဲ့အတူတူ တဲတစ်ခုတည်းမှာနေရမယ်။

*မသင့်တော်လိုက်တာ*

ဓားနှင့်ခုတ်မည်ကိုစိုးရိမ်နေသည့်ကြောက်စိတ်ကလေးတွေတောင် ကြက်ပျောက်ငှက်ပျောက်။

"ကိုယ်မုန်းတဲ့သူမျိုးနဲ့ ဘယ်သူကတစ်အိမ်တည်းနေချင်မှာလဲ"

"ဆိုတော့ကာ...ခင်ဗျားကဒီမှာပဲနေမယ်ပေါ့"

"ဟု..ဟုတ်တယ်"

ဆယ်ပေပတ်လည်လောက်သာကျယ်‌ဝန်းသည့်ယိုင်နဲ့နဲ့တဲကလေးကို မျက်စိကစားကြည့်ရင်းပြန်ဖြေမိသည်။

"သဘောဗျာ... ဒီတဲကအကာအရံမလုံ ထရံတွေကပေါက်ပြဲနဲ့ ညဘက်ဆိုလည်းအေးတော့ မြွေတွေဘာတွေလည်းတတ်လာနိုင်..."

"တော်..တော်တော့ ခင်ဗျားတမင်လျှောက်ပြောနေတာမလား မနေ့ညကလည်းကျွန်တော်ဒီမှာပဲနေရတာလေ မဟုတ်လား"

"မနေ့ကဒီတဲမှာကျုပ်တပည့်တစ်ယောက်စောင့်နေပေးလို့ခင်ဗျားအေးအေးဆေးဆေးနေနိုင်တာ မဟုတ်ရင် ပိုးထိပြီးသုဿန်သွားနေရလောက်ပြီဗျာ"

တပည့်တစ်ယောက်စောင့်ပေးတာမဟုတ်ဘဲ ရာဇကိုယ်တိုင် ခြင်တွေတုပ်သည့်ကြားကအိပ်မငိုက်အောင်ကြိုးစားရင်း စောင့်ပေးခဲ့တယ်ဆိုတာကိုတော့ထိုသိုးပေါက်လေးအားမပြောပြမိတော့ပေ။

"ကဲ...မယုံသပဆိုလည်းနေခဲ့ပေတော့ ကျုပ်သွားပြီ"

လက်ထဲတွင်ကိုင်ထားသောဆယ်လက်မလောက်ရှည်လျားသည့်ဓားမကြီးကို ညာမှဘယ်သို့ပြောင်းကိုင်ကာ ထိုသိုးပေါက်လေးအားကျောခိုင်းလိုက်သည့်အခါ...

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now