အပိုင်း(၂၃)

9.3K 957 132
                                    

အဖွားဝယ်ခိုင်းလိုက်သည့်ဆန်မှုန့်တစ်ဆယ်သားအထုပ်လေးကိုကိုင်ရင်း စောလွန်းသွက်လက်လျင်မြန်သောခြေလှမ်းတွေဖြင့်အိမ်ကိုပြန်နေသည်။မုန့်လိပ်ပြာလုပ်ကျွေးမယ်ဆိုသော အဖွား၏အပြောကြောင့် လိုအပ်သည့်ဆန်မှုန့်ကိုစောလွန်းကထွက်ဝယ်ရခြင်းဖြစ်သည်။အဖွား၏မြန်မာမုန့်လက်ရာသည် ဘယ်သူမှမမှီနိုင်အောင်ကောင်းလွန်းလှတာကြောင့် လျှောက်လှမ်းနေသည့်စောလွန်း၏ခြေလှမ်းတွေဟာလည်းပျော်ရွှင်မှုကြောင့် ခုန်ဆွခုန်ဆွဖြစ်နေလောက်သည်။

ဘုတ်!

"အာ့"

နောက်ကျောသို့လာမှန်သည်ခပ်မာမာအရာတစ်ခုကြောင့် အောင့်မျက်သွားသည့်ကျောကိုလက်နောက်ပြန်ပွတ်ရင်း စောလွန်းလှည့်ကြည့်လိုက်သည်။မြေကြီးပေါ်မှာခြင်းလုံးလေးကတလိမ့်လိမ့် လိမ့်ဆင်းနေကာ နေရာတစ်နေရာအရောက်တွင်ရပ်သွားသည်။စောလွန်းထက်အသက်ကြီးပုံပေါက်သည့်ကလေးတစ်ယောက်က ထိုခြင်းလုံးကိုသူခြေထောက်အောက်တွင်ဖိထားသည်။ဘေးတွင်လည်းသူ၏အပေါင်းအပါသူငယ်ချင်းများက စောလွန်းကိုလှောင်ပြောင်ချင်သလိုကြည့်နေကြသည်။

"ဟေ့ အမိမရှိအဖမရှိကောင်လေး"

သူတို့အားလုံးကစောလွန်းဒီရွာကိုစရောက်တည်းက ခဏတိုင်းလိုလိုရန်လိုက်ရှာတတ်တာကြောင့် အမြဲရှောင်နေရတာဖြစ်သည်။အခုလည်းတမင်ရန်စမှန်းသိနေတာတောင်  ရှောင်ထွက်ရန်ပြင်လိုက်သော်လည်း ကျယ်လောင်သည့်အသံနှင့် ကိုယ့်အားနည်းချက်ဒဏ်ရာကိုထိုးဆွလာသည့်အခါ ဒေါသမျက်လုံးတွေဖြင့်ထိုကောင်လေးကိုကြည့်လိုက်မိသည်။

"ဘာလဲ ငါပြောတာမှားလို့လား ဟားဟား"

"ဟား ဟား ဟား"

တဟားဟားအော်ရယ်ကာလှောင်ပြောင်နေကြသည့်ကလေးတစ်သိုက်ကိုကြည့်ရင်း စောလွန်း၏လက်သီးသေးသေးလေးတွေတင်းခနဲဖြစ်သွားသည်။ဘာလို့များလူတွေကသူများတကာ၏ဒဏ်ရာဟောင်းတွေကို ထိုးဆွချင်သည့်ဝါသနာပါလာရတာလဲ။ကိုယ်ဘက်ကသူတို့နစ်နာအောင်ဘာတစ်ခုမှမလုပ်ခဲ့ဖူးပေမဲ့ သူတို့ကတော့ဘာမှမဟုတ်သလိုပဲကိုယ့်အားနည်းချက်ကိုလှောင်ပြောင်နေကြသည်။မြေနိမ့်ရာလှံစိုက်သည့်အဖြစ်ပင်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now