အပိုင်း(၄၀)

7.3K 1K 135
                                    

နေ့လည်နေ့ခင်း,အပူချိန်လွန်နေသည့်အချိန်တွင်ဖြစ်သည်။ယပ်တောင်ကိုယ်စီဖြင့်ရာဇတို့၏အိပ်ခန်းကြမ်းပြင်တွင် ရာဇ၊သက်လယ်နဲ့တပည့်သုံးယောက်မှာစက်ဝိုင်းပုံစံဝိုင်း၏ထိုင်နေကြသည်။အကြောင်းမှာ အဖေပြောတဲ့စေ့စပ်ပွဲနဲ့မင်္ဂလာပွဲဖျက်ရန်ပင်ဖြစ်လေ၏။ထို့ကြောင့် သူတို့အားလုံးခေါင်းချင်းဆိုင်ကာအကြံစည်ထုတ်နေခြင်း။

"ကိုကို ကျွန်တော့်ကိုအဲ့သည့်မိန်းကလေးအကြောင်းသိသလောက်ပြောပြပေးပါလား"

ထိုမိန်းကလေးကိုပထုတ်ရန်ကြံစည်ရာ၌ထိုမိန်းကလေး၏အကြောင်းတွေပါသိထားဖို့လိုအပ်သည်ဟုယူဆတာကြောင့်‌စောလွန်းမေးလိုက်ခြင်းဖြစ်သည်။

"အင်း သူနာမည်ကယဥ်ယဥ်မြိုင် အဖေကမြို့အုပ်မင်းဦးစိန်မြိုင် အမေကတော့နိုင်ငံခြားသူတစ်ယောက်ပဲ မောင်လေးတစ်ယောက်လည်းရှိတယ် တုံတုံတဲ့"

ထိုအခိုက် ဘာကိုမျှစိုက်မဝင်စားသလိုငုံ့နေသည့်သော်က၏ဦးခေါင်းသည်မတ်ခနဲတစ်ချက်ဖြစ်သွားလေသည်။သို့သော် အားလုံးကသူ့အာရုံနဲ့သူဖြစ်နေတာကြောင့် ဘယ်သူမှတော့သတိမထားမိလိုက်။

"အထည်ကြီးပျက်တွေကြားမယ်မြိုင့်ကိုမသိတဲ့သူကခပ်ရှားရှားရယ် သူမကရာထူးကြီးပိုင်းတွေဘိလပ်ပြန်တွေအသိုင်းအဝိုင်းကြီးတွေကိုပဲအထင်ကြီးတာ။ပြီးတော့ အဲ့သည်လိုလူမျိုးတွေကပဲသူမအနားကပ်နိုင်ကြတယ်လေ ရှင်းရှင်းပြောရရင်ဖြင့် အလှဂုဏ်ကြောင့်မာနကြီးနေတဲ့မိန်းမတစ်ယောက်ပေါ့"

ကိုကိုပြောသမျှကိုစောလွန်းနဲ့ကျန်သူတွေအားလုံးကခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်ကြသည်။

"ဒါဆို သူမအနားကိုရာထူးကြီး၊အသိုင်းအဝိုင်းကြီး၊ဘိလပ်ပြန် မည်သူမဆိုကပ်နိုင်တယ်ပေါ့"

"အင်း ဟုတ်တယ်လို့ပြောလို့ရတယ် သက်လယ်ကဘာလုပ်မလို့တုန်း"

စောလွန်းပြုံးလိုက်သည်။သို့သော် သည်တစ်ခါအပြုံးကတော့ ဖြူစင်မှုနတ္တိနှင့် စောလွန်း၏အမှောင်ဘက်ခြမ်းကိုလှစ်ဟပြနေသလို....

"လာခဲ့ကြ"

အားလုံးကိုနီးကပ်စွာခေါ်လိုက်တော့ သူတို့ခေါင်းတွေအချင်းချင်းပူးကပ်လုနီးဖြစ်သွားသည့်အခါမှ စောလွန်းလည်းအကြံအစည်ကိုတိုးတိုးကပ်ကပ်နဲ့ပြောပြလိုက်သည်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now