အပိုင်း(၄၂)

6.9K 780 211
                                    

တောက်စ်!

ရင်တွင်းအထဲမှကျယ်ကျယ်လောင်လောင်တောက်ခေါက်သံသည် အပြင်သို့ထွက်လာခြင်းတော့မရှိခဲ့ပေ။

တစ်ခါမှသည်လောက်ထိမသိမ်ငယ်ခဲ့ဖူးပေမယ့် ယခုတစ်ခါကတော့ဖြင့် အရှေ့မှလူနှစ်ယောက်ကိုကြည့်ပြီး လွန်စွာခံပြင်းမိပါ၏။အနောက်တိုင်းပုံစံဝတ်ဆင်ထားသော်ယောင်္ကျားတစ်ယောက်နှင့် ထိုယောင်္ကျား၏လက်မောင်းကိုချွဲချွဲနွှဲ့နွှဲ့တွဲခိုထားသည့် အနီရဲရဲဗမာဝတ်စုံဝမ်းဆက်ဝတ်ထားသောမိန်းမတစ်ယောက်၏မြင်ကွင်းသည် မြင်သူတိုင်းမျက်စိဆံပင်မွှေးစူးချင်စရာပင်။

အာဂဆိုတဲ့ကောင်ကလည်းအချိုးမပြေ။ဟန်ဆောင်နေတာကို အဲ့သည်လောက်ထိအကဲပိုနေစရာလိုသလား။ဟိုကလက်ညိုးထိုးပူဆာသမျှကို အလိုလိုက်အကြိုက်ဆောင်နေလိုက်တာများဆိုတာ။ပြီးတော့ သူပိုက်ဆံနဲ့ဝယ်ပေးတာလားဆိုတော့လည်းမဟုတ် ဆရာထည့်ပေးလိုက်တဲ့ငွေတွေ။

နေနှင့်ဦး...ဆရာ့ကိုပြန်ချွန်ပြမယ်။

ယမန်နေ့က သူ့ကိုတစ်ယောက်တည်းပြန်နှင့်ခိုင်းပြီး အဲ့သည့်ကောင်ကတော့ ဟိုမြွေပွေးလေးကိုဘာတွေသွားပြောလိုက်လဲမသိ။သင်း(ဒင်း)တို့နှစ်ယောက်ရဲ့အခြေအနေကတစ်ရှိန်ထိုးကောင်းမွန်လာတော့တာပဲ။သည်ကိစ္စနှင့်ပတ်သတ်ပြီး အကြံစည်အောင်မြင်တော့မှာမလို့ ဆရာတို့ကဝမ်းသာကြပေမယ့် မာနကတော့ နှစ်ယောက်သားကိုကြည့်ပြီးပူလောင်တာပဲသိတော့သည်။

မတော်...တစ်ကယ်ကြိုက်သွားမှဖြင့်ဒုက္ခ။

အခုလည်းဆရာတို့နဲ့တွေ့မယ့်အချိန်ထိ သင်း(ဒင်း)တို့နှစ်ယောက်နောက်ကတစ်ကောက်ကောက်လိုက်ရင်း မရှည်တဲ့စိတ်ကိုဆွဲဆန့်ထားရသည်။သင်း(ဒင်း)တို့ကတော့ သူကိုရှိသေးတယ်လို့တောင် မှတ်ကြရဲ့လားမသိ။စိတ်ညစ်ညစ်နဲ့သက်ပြင်းတစ်ချက်ချရင်း ခေါင်းခါမိသည်။

ငါ့နှယ်နော် စိတ်ဆင်းရဲလိုက်ပါဘိ။

.
.

"ကိုကို ကိစ္စတွေကမျှော်မှန်းထားသလို ဖြစ်ပါ့မလားဟင်"

စျေးရုံကြီးရဲ့တစ်နေရာမယ် ကိုကိုနဲ့စောလွန်း အာဂတို့အလာကိုစောင့်နေကြခြင်းဖြစ်သည်။အကြောင်းမှာတော့ မြိုင့်ဆိုသည့်မိန်းကလေးရဲ့သဘောထားကို အားလုံးအရှေ့အတည်ပြုသက်သေယူရန် ကြံစည်ထားခြင်း။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now