ကျေးဇူးတင်လွှာ

3.5K 299 37
                                    

ဒုတိယမြောက်ခရီးရှည်ကြီးကပြီးဆုံးသွားပြန်ပြီပေါ့နော်...

ဇာတ်သိမ်းလေးကိုသဘောကျမယ်လို့မျှော်လင့်မိပါရဲ့...🥺

ခရီးစဥ်တစ်လျှောက်လုံး ရယ်ကြ၊ငိုကြ၊ပြုံးကြ၊ပျော်ကြ၊ဆဲဆိုကြနဲ့ အတူတူလိုက်ပါပေးသူတစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်"ဆိုတဲ့ဇာတ်လမ်းလေးက ချီ့အတွက်စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။စာရေးသက်တမ်း၃လတည်းနဲ့ဒီficလေးကိုရေးခဲ့တာပါ။

retro vibeဖြစ်တဲ့အပြင် ဂျပန်ကိုလိုနီခေတ်ကအကြောင်းတွေလည်းပါတာကြောင့် ဖိအားလည်းများခဲ့ပါတယ်။သူများရဲ့အရေးအသားတွေလွှမ်းမိုးသွားမှာစိုးတာကြောင့် ဒီဇာတ်လမ်းရေးနေတဲ့ဆက်ကြားမှာ vibeတူတဲ့ဘယ်ဇာတ်လမ်းကိုမှလည်းမဖတ်ခဲ့ရဘူး။

ကိုယ်မတည်ရှိခဲ့တဲ့ခေတ်ကိုအခြေတည်ထားတာဆိုတော့ အသုံးအနှုန်းတွေ၊စကားအပြောအဆိုတွေကအစ ချီ့အတွက်ခက်ခဲခဲ့ပါတယ်။ခက်ခဲပေမယ့်လည်း ချစ်ခြင်းမေတ္တာကိုပုံစံအမျိုးမျိုးပုံဖော်ပြရင်း မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပုံတစ်စိတ်တစ်ပိုင်းကိုလည်း ဗဟုသုတအနေနဲ့ထည့်ပေးထားတာပေါ့နော်။ရယ်မောပျော်ရွှင်ပါစေဆိုတဲ့စိတ်လေးနဲ့လည်း ဟာသလေးတွေထည့်ရေးပေးထားပါတယ်။

ဆာကူရာလေးတွေသဘောကျမှကျပါ့မလားလည်း တစ်ချိန်လုံးစိုးရိမ်ခဲ့ရသေးတယ်😆

ပြီးတော့ ဒီficလေးကအကောင်းရောအဆိုးရော ရောယှက်နေတာပါ။အဲ့တာကြောင့် ကောင်းတာတွေကိုယူပြီး ဆိုးတာတွေကိုပယ်နိုင်ကြပါစေ။

ချီ့ကလေးလေးတွေကို ဆာကူရာလေးတို့လက်ထဲထည့်လိုက်ပါပြီနော်။reviewလေးတွေရေးပေးကြရင်ကောင်းမယ်။ပြီးရင်ချီ့ကိုmentionခေါ်တာဖြစ်ဖြစ်၊လာပြတာဖြစ်ဖြစ်လုပ်ပေး😁

ခရေပင်တွေတွေ့ဖြစ်ခဲ့ရင်လည်း သိပ်ချစ်တတ်တဲ့ဓားပြကြီးနဲ့ ခရေနံလေးသင်းနေတတ်တဲ့သက်လယ်ကိုသတိရနေပေးပါ💜

ကဲကဲ...ဒါဆိုရင်​​ဖြင့် ဗိုလ်ရာဇနဲ့သူရဲ့ချစ်သက်လယ်လေးပြောသလို မြတ်နိုးရာလေးတွေအမြန်ဆုံးရှာတွေ့နိုင်ပါစေလို့ဆုတောင်းပေးရင်း ချီကလည်းနှုတ်ဆက်လိုက်ရပါတယ်ရှင့်။

မကြာခင် Proof Of Love Season2လေးနဲ့ ပြန်လာခဲ့ပါ့မယ်💜

ချစ်ခြင်းများစွာဖြင့် ဆေးပန်းချီ🌸

၃၀.၃.၂၀၂၂✨














၃၀.၃.၂၀၂၂✨

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now