အပိုင်း(၄၃)

7.2K 695 133
                                    

နက်ပြာရောင်ကတ္တီပါသားနှင့်ချုပ်လုပ်ထားသော ဗမာဝတ်စုံဝမ်းဆက်ကိုဝတ်ကာ စေသုရာစံအိမ်ထဲသို့တစ်လှမ်းချင်း လျှောက်လှမ်းလာပါသောမြိုင်။မျက်နှာချေမှုန့်တွေလိမ်းကျံထားသည့်မျက်နှာလှလှကမည်သူ့ကိုမှဂရုမစိုက်သည့်ဟန်ဖြင့် နှုတ်ခမ်းနီဆိုးထားသော နှုတ်ခမ်းပြည့်ပြည့်ကလည်းခပ်ထေ့ထေ့ပြုံးနေသေးသည်။

သူမမှာမင်္ဂလာပွဲလာဖျက်သည့်သူပါလို့ယုံနိုင်ဖွယ်ရာမရှိ လွန်စွာမှယုံကြည်မှုပြည့်နေသည့်ဟန်ပန်ဖြစ်လို့နေ၏။

မြိုင် စေသုရာစံအိမ်ထဲသို့ရောက်သော် ဧည့်ခန်း၌စောင့်ကြိုနေကြသည်ကလူစုံတတ်စုံ။သူမလာမယ်ဆိုလို့ကြိုစောင့်နေတာမှန်းခန့်မှန်းမိပါသည်။သည်လိုအကုန်လုံးရှိနေတဲ့အချိန်ပြောတော့ ပိုတောင်ကောင်းသေး။

"စိတ်မရှိလေနဲ့နော်ဦးရာတို့ မြိုင်နည်းနည်းလေးနောက်ကျသွားတယ်"

ပြောပြီးထိုင်ခုံတစ်ခုံမယ်ဝင်ထိုင်လိုက်သည်။

"ရပါတယ် ကဲ ပြောပါဦး ဘာအရေးကြီးကိစ္စမို့လို့ လူကြီးတွေကိုတောင်စောင့်ခိုင်းရသလဲဆိုတာ"

ဦးရာ၏အပြောကြောင့် မြိုင်တစ်ဖက်မယ် အတူယှဥ်တွဲထိုင်နေသည့် ယောင်္ကျားနှစ်ယောက်ကိုလှောင်ပြုံးနှင့်အတူကြည့်လိုက်သည်။

"ဟုတ်ကဲ့ မြိုင်စကားပလ္လင်ခံမနေတော့ဘူးနော် အချိန်မရလို့"

"............"

"မြိုင် အကိုနဲ့လက်မထပ်နိုင်တော့ဘူး"

"ဘယ်လို?"

ဦးရာဖေအကြောင်းစုံသိပေမယ့် ဟန်ကိုယ့်ဖို့ရာ အံ့သြသယောင်ပြလိုက်သည်။

"ဟုတ်တယ် သည်လိုယောင်္ကျားမဟုတ်တဲ့ယောင်္ကျားကမြိုင့်အိမ်ထောင်ဖက်မဖြစ်နိုင်ဘူး"

ထိုစကားကိုကြားတော့ စောလွန်းလက်သီးကိုတင်းတင်းဆုပ်မိသည်။ရာရာစစ ဒင်းကများ။ဖြစ်နိုင်လျှင် ထိုမိန်းမရဲ့မျက်နှာကိုလက်သည်းနဲ့ရစရာမရှိအောင်ကုပ်ဖဲ့ပစ်ချင်မိသည်။

"ယောင်္ကျားမဟုတ်တဲ့ယောင်္ကျား...မြိုင် ညည်းဘာကိုဆိုလိုတာတုန်း"

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now