အပိုင်း(၁၅)

9.8K 1K 251
                                    

ဆောင်းတွင်းအေးအေးလေးမှာ နွေးတေးတေးလေးခံစားရသည့်နေရာသို့ တိုးကပ်ရင်းတိုးကပ်ရင်းနှင့် အအေးဓာတ်ကိုတော်လှန်နေမိသည်။

"အင်းး"

ပျင်းရိစွာတစ်ချက်ညည်းညူရင်းလှုပ်ရှားလိုက်သည့်အခါ စောလွန်း၏လက်ကခပ်မာမာတစ်နေရာတစ်ခုသို့ရောက်ရှိသွားသည်။ဟင့်အင်း မာနေတာမျိုးမဟုတ်ဘဲ တောင့်တင်းနေတာ။

မျက်မှောင်ကြုတ်ရင်း ထိုအရာကိုစမ်းကြည့်လိုက်၊ဖျစ်ညစ်ကြည့်လိုက်လုပ်နေမိသည်။ဘာကြီးလဲ ခါတိုင်းအိပ်ယာထရင်မရှိပါဘူး။အတွေးနဲ့အားထည့်ကာ ညစ်လိုက်မိတော့...

"အာ့!"

နီးကပ်စွာကြားလိုက်ရသည့် တိုးညှင်းသည့်အာမေဍိတ်သံတစ်ခုကြောင့် စောလွန်းလန့်ဖြန့်ကာမျက်လုံးဖွင့်ကြည့်မိသည်။ခေါင်းကဘာမှမတွေးလိုက်ခင်မှာပင် စောလွန်းဘက်သို့မျက်မှောင်ကြုတ်ကာကြည့်လာသောသူ။

"ကျုပ်ရင်ဘတ်ကိုဘာ့ကြောင့်ညစ်နေရတာလဲ သက်လယ်"

ထိုအခါမှ အယောင်ယောင်အနနနှင့် စောလွန်းလက်တင်ထားသည့်နေရာကိုကြည့်လိုက်တော့ ထိုလူ့၏ရင်အုံကိုညစ်နေရက်သား။

"မဟုတ်ဘူး"

အိပ်ယာမှကျုံးထကာ အကြောက်အကန်ငြင်းမိသည်။စောလွန်းထိုလူ့၏ရင်ဘတ်မှန်းမသိလို့ညစ်နေမိတာပါ။စောလွန်းထတော့ ထိုလူကလည်းထထိုင်လာသည်။

"ခင်ဗျားရင်ဘတ်မှန်းမသိလို့ညစ်...နေဦး ခင်ဗျားကရော ဘာလို့ကျွန်တော့်ဘေးနားရောက်နေရတာလဲ"

"သက်လယ်မနေ့ကအိပ်မက်တွေမက်ရင်းယောင်နေတာ အဲတာနဲ့...ကျုပ်လည်း..."

".........."

ညက...ညကအဖြစ်အပျက်တွေ။အကြောင်းအရာတချို့ကခေါင်းထဲတစ်ခုချင်းစီတန်းဆီဝင်ရောက်လာအပြီးမှာတော့  စောလွန်းငြိမ်သက်သွားရသည်။

ရုတ်တရက်ကြီးငြိမ်ကျသွားသည့်သက်လယ်ကြောင့် ရာဇစကားပြောလောသွားမှန်းသတိရလိုက်သည်။အမှန်ဆို အဲတုန်းကအခြေအနေကိုအရင်ရှင်းပြလိုက်သင့်တာ။

"မဟုတ်ဘူးသက်လယ် ကျုပ်....."

"ထွက်သွား!!!!"

".........."

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now