အပိုင်း(၃၉)

7.7K 729 139
                                    

"ယဥ်ယဥ်မြိုင်"

သေချာစူးစိုက်နားထောင်ကြည့်ပါလျှင် ရာဇရဲ့အသံထဲတွင်မနှစ်မြို့မှု၊အလိုမကျမှုများပါဝင်နိုင်တယ်ဆိုတာသိနိုင်ပါ၏။မျက်မှောက်ကြုတ်ကာဧည့်ခန်းတွင်ထိုင်နေသောထိုမိန်းကလေးကိုကြည့်နေသော်လည်း လက်တွေကတော့သက်လယ်ရဲ့လက်နုနုလေးကိုမလွှတ်တမ်းဆုပ်ကိုင်ထားတုန်းပင်။

ခေါ်သံကြောင့်လှည့်ကြည့်လာတဲ့သူမကရာဇကိုလည်းမြင်ရော သကာရည်တွေလောင်းချထားသလိုချိုမြနေတဲ့ဆေးဆိုးပန်းရိုက်မျက်နှာဖြင့်မိန့်မိန့်ကြီးပြုံးပြလာ၏။ထိုနောက် ထိုင်နေရာမှထကာ...

"အကို..."

ဘုရား...ရာဇစိတ်ထဲကနေဘုရားထလိုက်မိသည်။မတရိုးရှိမလား...အကိုဆိုတဲ့လှိုက်တုန်ယင်နေတဲ့သူမရဲ့ခေါ်သံက နှစ်ရှည်လများကွဲကွာနေတဲ့ချစ်သူနဲ့ ပြန်လည်ဆုံတွေ့ရလို့ကြည်နူးနေတဲ့အသံပေါက်လို့နေသည်။

စိတ်ညည်းညူစွာတွေးနေလို့တောင်မပြီးသေး လျင်မြန်တဲ့အရှိန်နှုန်းနဲ့ပြေးလာတဲ့သူမကြောင့် ရာဇအယောင်ယောင်အနနဲ့ခြေလှမ်းတွေတောင်နောက်ဆုတ်မိသွား၏။

"မြိုင်တို့ပြန်တွေ့ကြရပြီပေါ့နော် မြိုင်လွမ်းနေခဲ့တာ သိရဲ့လား"

"............"

ရာဇဆွံ့အစွာ သက်လယ်လက်ကိုဆုပ်ကိုင်ထားလျက်တောင့်တောင့်ကြီးရပ်နေမိသည်။သူမကတော့ ရာဇရဲ့တွဲလက်ပိုင်ရှင်လေးကိုသတိမပြုမိဟန်ထင်သည် ရာဇကိုသာရွှန်းရွှန်းစာစာကြီးကြည့်လို့နေ၏။

ထို့ပြင် ဘေးကသက်လယ်ကလည်းမေးခွန်းတွေပြည့်နှက်နေတဲ့အကြည့်စူးစူးနဲ့ရာဇကိုကြည့်လာတာကြောင့် ရာဇအသည်းအသန်ခေါင်းကိုခါရမ်းလိုက်သည်။

ကိုယ်ဘာမှမသိပါရဘူးသက်လယ်ရယ်...သည်မိန်းကလေးအရူးကွက်တွေနင်းနေနေတာပါ။

ထို့နောက် တဖြည်းဖြည်းဝဲတတ်လာတဲ့သူမရဲ့မျက်ရည်တွေကိုကြည့်ပြီး သရုပ်ဆောင်ကောင်းလိုက်တဲ့မိန်းကလေးလို့ရာဇစိတ်ထဲမှတ်ချက်ပြုမိသည်။ပြဇာတ်ကရင်နာမည်ကြီးနိုင်တယ်။

"ဒီမယ် မိန်းကလေး"

"အို အကိုကလည်း မြိုင့်ကိုအဲ့သည်လိုစိမ်းစိမ်းကားကားကြီးမဆက်ဆံပါနဲ့ရှင်"

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now