အပိုင်း(၄၁)

6.7K 939 124
                                    

လဝက်ခန့်ကြာသော်,

အခြေအနေဟာအလွန်တရာမှတိုးတတ်လာလေသည်။မြိုင်ဆိုတဲ့မိန်းကလေးဟာလည်းရောဘတ်နေဝင်းဆိုတဲ့လုပ်ဇာတ်ကြီးကိုယုံကြည်ရုံတင်မက အထင်ကြီးလေးစားနေသေးသည်။ဤသို့အခြေအနေရောက်အောင် ရောဘတ်ရောသုခပါဆရာ့သူငယ်ချင်းရဲ့ခြံကြီးထဲမယ်အဆင့်အတန်းရှိရှိနေပြရင်း ကြိုးစားခဲ့ရတာဖြစ်သည်။

ကံကောင်းသည်ကသူတို့နှင့်အတူ သော်ကပါလိုက်နေခြင်းဖြစ်သည်။မဟုတ်လျှင် နှစ်ယောက်တည်းနဲ့ပျင်းခြောက်ခြောက်ကြီးဖြစ်နေမှာအမှန်ပင်။သို့သော် သည်ကောင်သည်လည်းအခုတလောအတော်လေးထူးဆန်းနေသည်။အရင်ကတည်တည်ငြိမ်ငြိမ်အရယ်အပြုံးမရှိသလောက် အခုတလောဘာဖြစ်လို့ဖြစ်မှန်းမသိနဲ့ ချဥ်ပြုံးပြုံးလုပ်နေတတ်သည်။

ထားပါလေ ကျုပ်...ဘိလပ်ပြန်ကြီးရောဘတ်နေဝင်း

အနောက်တိုင်းဆန်ဆန်ဝတ်စုံကိုခန့်ညားစွာဝတ်ဆင်၍ မှန်အရှည်ကြီး၏ရှေ့တွင်ရပ်နေသည်။လက်ထဲတွင်လည်း နက်ခ်တိုင်တစ်ခုကိုကိုင်ထားကာ အခက်တွေ့နေတော့တာပေါ့။

နို့ ကျုပ်မှနက်ခ်တိုင်မစီးတတ်တာပဲ။

"ဟေ့ကောင် သုခ ဗျို့ သုခရေ!!"

"ဘာလဲကွာ!"

ရောဘတ်နေဝင်းရဲ့အောင်မြင်လှတဲ့ခေါ်သံနောက် သုခရဲ့မလျှော့သောလေသံကလည်းလိုက်၍ပါလာသည်။

"ဒါမင်းဆရာဖြစ်သူကိုထူးတဲ့လေသံလားကွ"

"ဘာဆရာလဲ ဘိန်းနှောဆရာလား ဟိုမြွေပွေးလေးရှေ့ကလွဲရင် ငါ့ကိုအာဏာပြလို့ရမယ်မထင်လေနဲ့"

"ဒါကတော့ကွာ ငါကဇာတ်ရုပ်အပေါ်စိတ်နှစ်ထားမိသွားလို့ပါ အဟဲ"

စပ်ဖြီးဖြီးနဲ့မျက်နှာချိုသွေးနေတဲ့သကောင့်သားကိုမာနမျက်စောင်းထိုးလိုက်သည်။သင်း(ဒင်း)ကိုသိပ်ကြည့်လို့ရတာမဟုတ်။

"ပြော စောနကငါ့ကိုဘယ့်နှယ်ကြောင့်ခေါ်ရသလဲ"

"ဒီမယ် ငါနက်ခ်တိုင်မစီးတတ်လို့"

"အဲ့သည့်တော့"

"မင်းစီးပေးလေ"

"ဘာကွ!"

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now