အပိုင်း(၃)

14.9K 1.6K 182
                                    

"ရွာကသာယာတယ် ကျုပ်သဘောကျတယ်"

ဂျပန်အရာရှိဟီရိုမာဆာသည်ရွာအဝင်လမ်းပုံစံလေးကိုကြည့်ရင်းကျေနပ်အားရစွာရေရွတ်သည်။စိမ်းစိုလန်းဆန်းသည့်တောင်တွေပတ်လည်ဝန်းရံနေကာ ရာသီဥတုသာယာသည့်ဒေါင်းလုံရွာလေးက တိုင်းတစ်ပါးသားတွေမျက်စိကျချင်စရာပေ။

"ဒါနဲ့ ကျုပ်လာတာကိုဘယ်သူမှလာမကြိုကြပါလား"

"မာစတာ ဟို...ရွာသားတွေက...."

"အာ....ကျုပ်သိပြီ"

လက်အောက်ငယ်သားလေး၏ပြောရခက်နေပုံကိုကြည့်ကာ ဟီရိုသဘောပေါက်လိုက်သည်။အရမ်းကိုမျိုးချစ်စိတ်ဓာတ်ရှိသူတွေပေါ့လေ အဟက် ကြိုက်တယ်။ဘယ်လောက်ခေါင်းမာနိုင်မလဲကြည့်ရသေးတာပေါ့။ဂျပန်အင်ပါယာကိုအာခံရင်တော့ငရဲနဲ့တွေ့စေရမယ်။

"သွားကြတာပေါ့"

"ဟိုက်(ဟုတ်ကဲ့)"

ထို့နောက်ဟီရိုမာဆာနှင့်အတူ သူ့လက်အောက်ငယ်သားများအားလုံးမြင်းကိုယ်စီဖြင့်ရွာထဲသို့ဝင်ကြသည်။အိမ်ထောင်စုအများကြီးသိပ်မရှိပေမဲ့ သစ်သားအိမ်၊တဲအိမ်လေးတွေဖြင့်သူ့နေရာနှင့်သူစည်ကားနေသည်။အားလုံးကသူ့အလုပ်နဲ့သူရှုပ်နေကာ သူ့ကိုတွေ့တာတောင်ဂရုမစိုက်ကြသည့်ဆက်ဆံပုံကြောင့်ဟီရိုမာဆာနှုတ်ခမ်းကိုတင်းတင်းစေ့ထားမိသည်။

အဟက် လွှတ်ထားလိုက်ပါဦးမယ်လေ။

ခဏအကြာ လူရှင်းသည့်ရွာလမ်းလေးတစ်ခုသို့ရောက်သော် တစ်ယောက်တည်းလမ်းလျှောက်နေသည့်မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။သူတို့ကိုနောက်ကျောပေးကာလမ်းလျှောက်နေတာကြောင့် ခန္ဓာကိုယ်ကောက်ကြောင်းကလှပစွာပေါ်လွင်နေသည်။မြန်မာမိန်းကလေးတွေသိပ်လှတာပဲဟု နှုတ်ခမ်းသပ်ကာသူတွေးမိသည်။

"ဟေ့ မိန်းကလေး"

မြင်းပေါ်ကဆင်းကာထိုမိန်းကလေး၏ အနားသို့လျှောက်သွားလိုက်သည်။ထိုမိန်းကလေးကလည်းသူ့ကိုတွေ့သည့်အခါ မျက်နှာကြောတင်းသွားလေ၏။

"ကျုပ်ကမိန်းကလေးတို့ရွာကိုအုပ်ချုပ်ဖို့ ရောက်လာတဲ့အရာရှိမင်းဟီရိုမာဆာပဲ"

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now