အပိုင်း(၁၂)

10.8K 1.1K 198
                                    

လမင်းကြီးကလှတယ်လို့အခြားလူတွေရာဇကိုလာပြောခဲ့မယ်ဆိုရင် မျက်စိရှေ့ကလရောင်အောက်မှာထိုင်နေတဲ့သိုးပေါက်လေးကပိုပြီးမလှဘူးလားလို့ပြန်မေးမိမှာအမှန်ပဲ။

ဖြာလဲ့လဲ့လရောင်အောက်ဝယ် ကရင်အင်္ကျီအနီလေးဝတ်လို့ ထင်းမီးပုံကိုစိုက်ကြည့်နေသည့်မျက်ဝန်းကြည်လေးက တောက်ပနေသည်မှာညှို့ငင်နိုင်လွန်းသည်။

ထင်းမီးပုံအသေးစားလေးကိုဝိုင်းလို့ သက်လယ်ရယ်၊သူရယ်၊တပည့်သုံးယောက်ရယ်ထိုင်နေကြခြင်းဖြစ်သည်။ညအချိန်ဖြစ်တာကြောင့် ပုစဥ်းရင်ကွဲသံ၊မီးပုံမှတဖြောက်ဖြောက်မည်သံများမှလွဲ၍ သူတို့၅ယောက်လုံးစကားမပြောဖြစ်ကြသေးပေ။

ဟူးးး

ပျင်းတိပျင်းရွဲသက်ပြင်းချလိုက်သည့်ကောင်လေးကြောင့် ကျန်သုံးယောက်၏အာရုံသည်လည်း ထိုကောင်လေးဆီသို့ရောက်သွားကြသည်။ရာဇကတော့ထိုကောင်လေးလှုပ်ရှားမှုမှန်သမျှကို မျက်တောင်မခတ်တမ်းငေးနေခြင်းဖြစ်သည်။

မျက်နှာကိုစူပုတ်ကာ ဘာကိုအလိုမကျမှန်းမသိသည့်ကောင်လေးက ရာဇတို့ကိုတစ်ယောက်ချင်းဆီလိုက်ကြည့်၍ သက်ပြင်းတစ်ခါထပ်ချပြန်သည်။

"ခင်ဗျားတို့ဘာစကားမှမပြောကြတော့ဘူးလား ကျွန်တော်ပျင်းလှပြီ"

သက်ပြင်းချလွန်းလို့အသက်တိုမည်ဆိုလျှင် စောလွန်းရှေ့ဆုံးကတိုမှာပင်။ဒီနေ့ကဓားပြကြီးတို့နှင့်အတူတူနေရသည့်သုံးရက်မြောက်ည။ဘာမှလုပ်စရာမရှိတာကြောင့် သူတို့များအလာပသလာပစကားပြောကြမလားအထင်ဖြင့် မီးပုံဘေးမှာအတူတူလာထိုင်နေခဲ့သော်လည်း အချိန်တစ်ခုကြာသည်အထိဘာစကားသံမှထွက်မလာခဲ့။

ခါတိုင်းစကားတွေလွှတ်ပြောတတ်သည့်နှစ်ယောက်ကပါတိတ်ဆိတ်နေတော့ သည်းမခံနိုင်တော့စွာထုတ်မေးလိုက်တော့သည်။

"အေးလေ မင်းတို့စကားပြောပေးလိုက်ကြ"

အာဂ-".........."
မာန-"..........."
သော်က-"..........."

ရုပ်တည်ကြီးနှင့်အမိန့်ပေးနေသည့် ဆရာကြောင့်သူတို့သုံးယောက်လုံးဘာပြောရမှန်းကိုမသိတော့ပေ။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now