အပိုင်း(၃၅)

8.6K 882 90
                                    

၁၉၄၃ခုနှစ် သြဂုတ်လအကုန်,

ထိုအချိန်တုန်းကကိုယ့်အကြံနဲ့ကိုယ်ပိုင်လှပြီဟုထင်နေသောဟီရိုမာဆာ၏အပျော်တွေသည်ရာဇရဲ့အဖေရောက်မလာခင်အချိန်အထိသာတာရှည်ခံခဲ့သည်။ရာဇနှင့်သက်လယ််တို့ကိုဝိုင်းထားလျက်ရှိသောဂျပန်စစ်သားဝတ်အင်္ကျီနှင့်လူတစ်ချို့ကို ပြန်လည်ဝိုင်းထားခဲ့သည်ကတော့အဖေ့၏လူတွေပင်။ဘယ်လောက်ပဲဂျပန်မာစတာဖြစ်နေပါစေ သခင်ဘွဲ့ခံလူတစ်ယောက်ကိုယှဥ်နိုင်မယ်တဲ့လား။

ဂျပန်တွေဝိုင်းတာခံရရုံသာမက အဖေနဲ့အဖေ့လူတွေကလည်းစာမလာသတင်းမကြားရောက်ချလာသည့်အခါ အဖြစ်အပျက်တွေကများလွန်းတာကြောင့်ရာဇတို့လိုက်မမှီခဲ့သည်အထိ။အဲ့တုန်းကမှတ်မိပါသေးတယ် သက်လယ်လေးခမျာကြောက်ဖို့လန့်ဖို့နေနေသာသာ အကုန်လုံးကိုအကြောင်သားပါးစပ်လေးဟလို့လိုက်ငေးနေတာ။ရာဇလက်မောင်းကိုသူ့လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ထားပြီး ရာဇနောက်မှနေ ဟိုကြည့်သည်ကြည့်နဲ့မျက်စိလေးကစားနေသေးတာ။

ဘယ်လိုမှမယှဥ်နိုင်မှန်းသိလိုက်တဲ့ဟီရိုမာဆာကအံ့တကျိတ်ကျိတ်နဲ့ဘဲ နောက်ဆုတ်သွားသည်။သို့သော် ပြဿနာပြီးပြီထင်နေသည့်ရာဇအဖေ့စကားကြောင့်သွေးအန်သွားချင်ခဲ့ရ၏။

"အခုချက်ချင်းငါနဲ့အတူပြန်လိုက်ခဲ့"တဲ့လေ

ချစ်ရတဲ့သက်လယ်လေးကိုမထားခဲ့နိုင်ဘူးဆိုပြီးငြင်းလိုက်တဲ့အခါ အဖေကဒေါသပုန်ထပြီးရာဇကိုနရင်းမအုပ်ရုံတစ်မယ်ပဲ။

ထိုကြားထဲ ရာဇတို့အခြေအနေကိုမျက်ရည်ဝိုင်းနေသောမျက်ဝန်းလေးတွေနဲ့ကြည့်နေခဲ့သည့်သက်လယ်ကြောင့်စိတ်မကောင်းဖြစ်ခဲ့ရသေးသည်။ရာဇရဲ့ရှုပ်အင်္ကျီအနားစကိုသူ့လက်လေးနဲ့ဆုပ်ကိုင်ထားသည်မှာလည်းကျစ်လို့။ပါးစပ်ကထုတ်မပြောပေမယ့် သူ့ကိုထားမသွားဖို့တောင်းပန်နေတယ်ဆိုတာမျက်ဝန်းတွေကနေတဆင့်ရာဇသိခဲ့ရ၏။

ထို့ကြောင့် ရာဇအဖေ့အမိန့်ကိုအကျောက်အကန်ငြင်းခဲ့သည်။ရာဇကိုသိမ်းသွင်းလို့ရမှာမဟုတ်ဘူးဆိုတာကိုရိပ်မိသွားတဲ့အဖေက ရာဇအစားသက်လယ်ကိုသာနားချတော့သည်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now