အပိုင်း(၁၀)

11.6K 1.3K 233
                                    

ရာဇ၏တဲနှင့်ဆိုလျှင် စမ်းချောင်းလေးကိုကူးဖြတ်ကာ ခရေပင်လမ်းလေးကို တစ်ပြလောက်လျှောက်ပြီးသည့်နေရာတွင် ကလေးတွေကိုထားသည့်ခြံဝင်းကလေးရှိသည်။ဝါးခြမ်းလေးတွေနှင့်ကာရံပေးထားကာ ထိုဝိုင်းထဲတွင်တဲကလေးတစ်လုံးရှိသည်။ထိုတဲသုံးလုံးတွင်၁၂ယောက်သောကလေးတွေက ဆော့ကစားရင်းတူတူနေကြသည်။ရာဇပြောသည့်အတိုင်းတစ်သွေမတိန်းနားထောင်ကြသည့်ကလေးလေးတွေက ဝိုင်းမပြင်မထွက်နှင့်ဆိုလျှင်လည်းမထွက်ပေ။ထမင်းစားချိန်နဲ့အားလပ်ချိန်များတွင်သာ ရာဇအလာကိုတမျှော်မျှော်ဖြစ်တတ်ကြ၏။

"ကျွန်တော့်ကိုဘယ်ခေါ်သွားမလို့တုန်းဗျ"

ရေကြည်ချောင်းလေးနှင့်ဆန့်ကျင်ဘက်အရပ်သို့ဦးတည်နေသည့် ဓားပြကြီးနောက်မှခပ်သွက်သွက်လိုက်ရင်းစောလွန်းမေးလိုက်တော့ ခြေလှမ်းတို့ကိုရပ်ကာစောလွန်းကိုလှည့်ကြည့်လာသည်။

"ခင်ဗျားသဘောကျလောက်မဲ့နေရာကိုပေါ့ဗျာ"

သူကပြောတော့လည်း ကိုယ့်မှာခြေပစရာစကားလုံးမရှိ။တကယ်ပဲ ဒီလိုလူမနေတဲ့တောကြီးတောင်ကြီးထဲမှာ စောလွန်းသဘောကျမဲ့နေရာရှိတာ ဟုတ်မှဟုတ်လေစ။

"ရှေ့နားဆိုရောက်ပြီ"

ကျောက်တုံးလေးများပေါ်ဖြတ်လျှောက်ရင်း စမ်းချောင်းကိုဖြတ်ကူးပြီးသည့်နောက်တွင် ဓားပြကြီးပြောလာသည့်စကား။

စောလွန်းမှာ တောင်ကြည့်မြောက်ကြည့်နှင့်လျှောက်ရင်း ချောင်းကူးသည့်နေရာမှာလည်းသတိထားနေရတာကြောင့် ထိုလူရောက်ခါနီးပြီဟုပြောမှ ရှေ့ကိုကြည့်လိုက်မိသည်။ထိုအခါ စောလွန်း၏မျက်ဝန်လေးတွေဟာ ဖန်ဂေါ်လီပမာတောက်ပသွားရ၏။

မကျဥ်းမကျယ်တောလမ်းကလေးတစ်လျှောက် စီတန်းစွာပေါက်ရောက်နေသည့်ခရေပင်တန်းကြီးက စောလွန်းအလာကိုကြိုလင့်နေကြသယောင်။ကြွေကျနေသည့်ခရေပန်းတချို့က မြေပြင်ပေါ်တွင်ပန်းခင်းလမ်းသဖွယ်။

အဖူးအပွင့်အကိုင်းအခက်တို့ဝေဆာနေသည့်ခရေပင်ကြီးတစ်ပင်၏အောက်တွင် သစ်သားခုံတန်းလေးတစ်ခုကလည်းရိုးရှင်းစွာနေရာယူသည်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now