အပိုင်း(၂၀)

9.5K 1.1K 260
                                    

အခြေအနေကတော်တော်လေးကိုတိတ်ဆိတ်သွားသည်။ဆရာ့၏မျက်နှာမှာတည်ငြိမ်လွန်းနေတာကြောင့် ဆရာအဆင်ပြေလားမပြောလားဆိုတာသော်ကတို့မခန့်မှန်းနိုင်။ဒီစကားကိုထုတ်ပြောချိန်၌ဆရာအဘယ်လောက်များအားတင်းခဲ့ရပါသနည်း။သူတို့တပည့်သုံးယောက်လုံးဆရာ့ကိုနားမလည်စွာကြည့်မိသည်။

"ဒါပေမဲ့...ဆရာသူ့ကို"

"ဘာလဲသော်က ငါသူ့ကိုချစ်တယ်မဟုတ်လားလို့ပြောမလို့လား"

".............."

"ချစ်တာပေါ့ကွာ သိပ်ချစ်တာပေါ့ အေး ချစ်လို့လည်းဒီလိုဆုံးဖြတ်လိုက်ရတာပေါ့"

"ဆရာကလည်းမမိုက်ပါဘူးဗျာ ကိုယ့်လက်ထဲရှိနေတာပဲကို ဘောက်မဲ့ကြောင့်..ပြန်ပို့ချင်ရသလဲဗျာ"

အာဂဆရာ့ကိုကြည့်ရင်း အားမလိုအားမရပြောမိသည်။သူတို့ဆရာကအရာရာမှာဥာဏ်ပြေးသလောက် ဘာလို့အချစ်ရေးကျမှတုံးအရနေရတာလဲ။ကိုယ့်လက်ထဲရှိတုန်း အပိုင်သိမ်းပစ်လိုက် ပြီးပြီကို။

"အာဂ မင်းနားမလည်ပါဘူးကွာ အဲလိုလုပ်ရင်သူစိတ်ဆင်းရဲရမှာပေါ့ကွာ ငါဆိုတဲ့ကောင်ကသူစိတ်ဆင်းရဲဖို့မပြောနဲ့ မျက်နှာလေးညှိုးရင်တောင်မနေနိုင်ဘူး"

"အချစ်ကြီးလို့အသည်းနုသွားတဲ့ဆရာ့ကို တပည့်တို့လက်မြှောက်ပါပြီဗျာ"

မာနကလက်နှစ်ဖက်ကိုမြှောက်လို့ခေါင်းခါရင်း ကရုဏာသက်စွာပြောသည်။ရာဇဟက်ခနဲသာတစ်ချက်ရယ်လိုက်သည်။ကရုဏာသက်နေဖို့မလိုသလို သနားစဖွယ်ကြည့်ဖို့လည်းမလိုပါဘူး။

*ရာဇဆိုတဲ့ကောင်က သက်လယ်ပျော်ရွှင်နေတယ်ဆိုတဲ့အတွေးလေးနဲ့တင် အသက်ဆက်ရှင်သန်သွားနိုင်တယ်*

"သော်က သက်လယ်ကိုသူ့ရွာထိပ်ထိမင်းလိုက်ပို့ပေးလိုက်ပါ"

"ဗျာ ဆရာကဘာလို့မပို့ပေးတာလဲ"

*ကျောခိုင်းသွားမဲ့ သူ့ပုံရိပ်ကိုသာကြည့်နေခဲ့ရမယ်ဆိုရင် ငါ့နှလုံးသားတစ်ခုလုံးလောင်ကျွမ်းပြာကျသွားလိမ့်မယ်*

ရာဇစိတ်ထဲကနေသာရေရွတ်ရင်း အပြင်မှာတော့သော်က၏ပုခုံးတစ်ဖက်ကိုပုတ်ကာ  လေးလေးနက်နက်ဖြင့်တာဝန်ပေးအပ်လိုက်သည်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now