အပိုင်း(၉)

11.7K 1.2K 221
                                    

ကျလိ...ကျလိ...ကျလိ...

ဥသြ...ဥသြ...ဥသြ...

နေ့တစ်တစ်နေ့၏အစတွင် ရွှေရောင်နေမင်းကြီးကအလင်းရောင်ကိုပေးစွမ်းသလို ကျေးငှက်ငယ်လေးများကလည်းတတ်စွမ်းသလောက်သော သာယာသည့်အသံများဖြင့်နေ့သစ်ကိုကြိုဆိုနေကြသည်။

မြေပြန့်ဒေသတွင် ဆောင်းတွင်းရောက်ရန်လိုသေးပါသော်လည်း  ထူးဆန်းစွာပင် စောလွန်းတို့ဒေသလေးကတော့ ဆောင်းအရောက်စောလှသည်။မြန်မာနိုင်ငံအပေါ်ပိုင်းဖြစ်တာကြောင့် အအေးဓာတ်ပိုကဲတာလည်းဖြစ်ကောင်းဖြစ်နိုင်သည်။

သည်လိုအချိန် မြေပြန့်တွင်မိုးရေနဲ့စိုစွတ်နေမှာပေမဲ့ စောလွန်းတို့နေထိုင်ရာအရပ်မှာတော့ နှင်းရည်စိုစွတ်နေသောအမျိုးအစားစုံလင်သည့် ပန်းကလေးများကဝင့်ဝင့်ကြွားကြွားလှပစွာဖူးပွင့်နေကြပေပြီ။

ထို့ပြင် သစ်ရွက်ကလေးများပေါ်တွင်တင်ကျန်နေသည့် နှင်းရည်စက်လေးများကလည်း တစ်မျိုးတစ်ဖုံကဗျာဆန်နေသည်။

ယနေ့အအေးဓာတ်သည်ယခင်နေ့များထက်ပိုသည်။ခါတိုင်းလှမ်းမြင်နေရသည့်စွယ်တော်နှစ်လွှာတောင်သည် မြူနှင်းများအကြားပျောက်ကွယ်လုသည်အထိပင်အေးခဲလွန်းလှသည်။တောင်ပေါ်လေကလည်း ထိုအအေးဓာတ်ကိုပါရမီဖြည့်ကာတိုက်ခတ်နေသည်။

ထိုသို့တစ်စတစ်စပိုကဲလာသည့်အအေးဓာတ်ကြောင့် စောလွန်းခန္ဓာကိုယ်ကိုပုစွန်ထုတ်ကလေးလိုကွေးကာပြန်အိပ်ရန်ကြိုးစားသော်လည်း ထုံးစံအတိုင်းကိုက်ခဲနေသည့်ခြေထောက်ကြောင့်မထချင်ထချင်နဲ့ပဲနိုးထလာရတော့သည်။အအေးလွန်ကဲသည့်အချိန်ဆိုလျှင် ခြေသလုံးကြွက်သားတွေကိုက်ခဲတတ်သည့်အကျင့်စောလွန်းမှာရှိသည်။ထို့ကြောင့်ပဲ အမိုးတို့အဖတို့ရှိစဥ်ကတည်းကစောလွန်းကိုဆောင်းတွင်းဆိုနွေးနွေးထွေးထွေးအိပ်စက်စေခဲ့တာ။

အခုတော့...စောလွန်းအဖြစ်ကတောကြီးတောင်ကြီးထဲ ကိုယ်မသိသည့်သူစိမ်းတွေနှင့်မသက်မသာနေနေရသည်။ထိုသို့တွေးမိတိုင်းလည်းထိုဓားပြကြီးအပါအဝင် သူ့တပည့်တွေကိုပါဒေါသထွက်ရစမြဲ။အကြောင်းပြချက်ရေရေရာရာမရှိဘဲ စောလွန်းကိုအခုလိုဖမ်းခေါ်ထားလို့သူတို့ဘာအကျိုးအမြတ်များရှိနိုင်ပါသလဲလေ။စောလွန်းကတော့ရွာအမြန်ပြန်ချင်တာပဲသိတယ်။အတွေးတွေနဲ့အတူလှဲနေရာမှ ထထိုက်လိုက်မိသည့်အခါ...

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now