အပိုင်း(၂၇)

10.7K 1.1K 187
                                    

ညနေမစောင်းခင်သူတို့အားလုံးအိမ်ပြန်လာခဲ့ကြသည်။မပြန်လို့လည်းမရပါ ကလေးတွေချည်းပဲတောထဲမှာကျန်ခဲ့ရတာမဟုတ်လား။အ‌တော်အတန်အရွယ်ရောက်ပြီးသားကလေးတွေပါပေမဲ့လည်း ရာဇတို့စိတ်မချနိုင်ပါလေ။ထို့ကြောင့်ဒဏ်ရာမသက်သာသော်လည်း ကြိုးစားပြန်ဖို့ကိုသာဆိုင်းပြင်လိုက်ကြခြင်း။

ဒဏ်ရာကိုအကြောင်းပြပြီး သက်လယ်ကိုအသားယူဖို့ပါအကြံထုတ်ထားတာပေါ့။ထိုသို့အပိုင်တွက်ကာ ဘေးမှရပ်နေသည့် သက်လယ်ကိုကူတွဲပေးခိုင်းဖို့ကြံလိုက်သော်လည်း

"လာလာ ဆရာ တပည့်ကုန်းပိုးမယ်"

ကျစ် ဒီကောင်ကွာ...

"လာလေ ဆရာ အားနာနေတာလား ဒီလူနဲ့ဒီလူ"

မျက်နှာရိပ်မျက်နှာကဲပြနေသော်လည်း ဒူနေသည့်ငဒူအာဂကြောင့် ရာဇအချဥ်ပေါက်လာရသည်။

ငါလုပ်ရင်သေတော့မယ် အရိပ်သုံးပါးနားမလည်ဘူး...

ဆရာဖြစ်သူကမျက်လုံးပြူးမျက်စံပြူးနှင့် အရိပ်အကဲပြနေသလို တပည့်ဖြစ်သူကလည်း ရှေ့မှာကုန်းကုန်းကွကွနှင့်ကျောပေါ်တတ်ဖို့ပြောနေသည့်မြင်ကွင်းကို ကျန်သူတွေသာမကဆေးဆရာကြီးမနောတောင်  ကြောင်တောင်တောင်လေးကြည့်နေရသည့်အဖြစ်။

ဟင်းးး

သော်ကသက်ပြင်းချမိပြန်ပြီ။ဒီလိုနဲ့သူလည်းအသက်တိုတော့မှာတကယ်။

"လာခဲ့ အာဂ"

"အေး ဟုတ်တယ် လာခဲ့ ဆရာ့ကိုကတွဲပေးမဲ့သူရှိတယ်"

ကုန်းပိုးဖို့အသင့်အနေအထားလုပ်နေသည့်အာဂကို သော်ကနှင့်မာနကတစ်ယောက်တစ်ဖက်ဆီလက်မောင်းကဆွဲ၍ခေါ်သွားကြတော့သည်။

"ကဲ ဂရုစိုက်ပြန်ကြနော် မောင်ရာဇတို့"

"ဟုတ်ကဲ့ပါ အဘ"

ထို့နောက် အဘကနောက်ဖေးချောင်ထဲဝင်သွားတော့ နေရာမှာသက်လယ်နှင့်သူသာကျန်ရစ်ခဲ့တော့၏။

"သက်လယ် ကိုယ့်ကိုကူတွဲပေးပါဦး ခြေထောက်ကနာလာလို့"

အမူအယာပိုနေသည့်ရာဇကိုသက်လယ်ကမသင်္ကာသလို မျက်လုံးမှေးကျဥ်းရင်းကြည့်နေသေးသည်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now