"ဒေါင်းလုံးကျေးရွာ"ဟုသစ်သားပြားပေါ်တွင်မြေဖြူဖြင့်ရေးထားသောဆိုင်းဘုတ်တစ်ခုရှေ့တွင်စောလွန်းခြေစုံရပ်နေသည်။နောက်ဆုံးတော့သူရွာကိုပြန်ရောက်လာခဲ့ပြီပင်။ထိုသို့အတွေးကလွဲ၍ဝမ်းမြောက်ပျော်ရွှင်ခြင်းတို့စောလွန်းမှာရှိမနေခဲ့ပါ။ထို့အစား...စိတ်ထဲလေးလံနေခြင်းတို့သာနေရာယူထားသည်။
ရွာလမ်းတစ်လျှောက်တစ်လှမ်းချင်းဆီ ဆက်၍လျှောက်လာလိုက်သည်။ရွာထိပ်ကကုက္ကိုလ်ပင်ကြီးကလည်းစောလွန်းပြန်အလာကိုကြိုဆိုနေဟန်။သို့သော်...သစ်ပင်များ၊လယ်ကွင်းများမှလွဲ၍ ခွေးတစ်ကောင်ကြောင်တစ်မြှီးမှမတွေ့ရသေး။
ဓားပြကြီးတို့ဆီမှာရောက်နေသည့်အချိန်တုန်းက ခဏခဏတွေးမိခဲ့သည့်အရာမှာရွာကလူကြီးတွေစောလွန်းကိုလိုက်မရှာဘူးလား။ မောင်ကရော...ငါပျောက်နေတာသိရဲ့သားနဲ့စိတ်မပူဘူးလားဟူ၍ပင်။
တိတ်တဆိတ်ပဲလျှောက်လာလိုက်တာ လူနေအိမ်တွေကိုတောင်မြင်နေရပြီ။အားလုံးကပြုံးပြုံးရွှင်ရွှင်မျက်နှာများဖြင့် သူတို့၏ဝိုင်းအတွင်းမှထွက်လာကြကာ တူညီသည့်ဦးတည်ရာကိုသာသွားနေကြသည်။မိန်းကလေးတွေကမျက်နှာချေမှုန့်၊နှုတ်ခမ်းနီစသည်တို့ကိုလိမ်းချယ်ထားကာ ဝတ်ကောင်းစားလှများကိုလည်းဝတ်ဆင်ထားကြသည်။ယောင်္ကျားသားများမှာလည်းသန့်သန့်ပြန့်ပြန့်နှင့်ကြည့်ကောင်းနေကြသည်။
"အရီးလေး ဘယ်ကိုသွားနေကြတာလဲဗျ"
အနီးနားဖြတ်လျှောက်သွားသည်အထဲမှ မျက်မှန်းတန်းမိသည့်အရီးလေးကိုစောလွန်းမေးလိုက်သည်။
"ဟယ် ဆရာလေး ဘယ်တွေပျောက်နေရတာတုန်းကွယ် အခုအရီးလေးတို့ကမင်္ဂလာဆောင်သွားမလို့တော့"
အဲတာကြောင့်အကုန်လုံးကလှလှပပပြင်ဆင်ထားကြတာကို။စောလွန်းခေါင်းလေးတညိတ်ညိတ်လုပ်ကာ အရီးလေးကိုပြုံးပြ၍
"ကျွန်တော်အေးချမ်းတဲ့နေရာလေးတစ်ခုမယ်ခဏသွားအနားယူရုံပါဗျ"
အပြုံးလေးနဲ့ပြောကာထွက်သွားသူကိုကြည့်ပြီး အရီးလေးသက်ပြင်းဖွဖွချမိသည်။မိဘဆွေမျိုးမရှိသည့်တစ်ကောင်ကြွက်လေးက ရွာ၏အကျိုးပြုကျောင်းဆရာလေး။မျက်နှာလေးကလည်းကြည်လင်ကာ အပြောအဆိုလေးကလည်းအေးချမ်းလွန်းလို့ ကိုယ်တောင်မွေးစားချင်မိသည်အထိပါပဲ။
YOU ARE READING
"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]
Romanceဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သည့်ခေတ်ကအကြောင်းတွေပါဝင်မှာဖြစ်တဲ့အတွက် လူမျိုးရေးတိုက်ခိုက်လိုခြင်းမရှိကြောင်းကြိုတင်အသိပေးချင်ပါတယ...