အပိုင်း(၄၄)

7K 699 96
                                    

ဖြူးးးးး

"အာ အေးလိုက်တာ"

မျက်နှာကိုလာရောက်ကျီစယ်တဲ့လေပြည်နုနုကြောင့် မာနတောင်ကုန်းတစ်နေရာမယ်လက်ကိုဆန့်ထုတ်၊မျက်စိကိုစုံမှိတ်ပြီး နွေဦးရဲ့လေနုသွေးသွေးကိုခံစားနေမိသည်။

သို့သော် မာနစိတ်ထင်ပဲလားတော့မသိ။ရှုရှိုက်နေမိတဲ့လေထုကအနံ့အသက်သိပ်မကောင်းတော့သလိုပင်။

မျက်မှောင်ကိုကြုတ်၊နှာတစ်ရှုံ့ရှုံ့လုပ်ပြီးမျက်လုံးကိုအသာဖွင့်ကြည့်မိသည့်အခါ...

"ဒီခွေး#÷!$#×%$"

တောင်ပြာတန်း၏လှပမှုအစုံကိုမြင်ရမည့်အစား မျက်နှာကိုလေတစ်ဖူးဖူးလာမှုတ်နေသည့် အာဂ၏မျက်နှာပြဲပြဲကိုသာမြင်လိုက်ရလေသည်။သကောင့်သားကြောင့်စောစောစီးစီးအကုသိုလ်တွေရပါပြီ။

"နိုးပြီလား မောင့်နငယ်လေး"

"မင်း! ဘယ့်နှယ်မျက်နှာကိုတစ်ဖူးဖူးလာမှုတ်နေရတာတုန်း"

"နငယ်လေးကိုမောင်လာနိုးတာလေ"

"သြော်... ငါ့ကိုလာနိုးတာ"

"အင်းလေ"

"နို့ ဒါဖြင့်ရင် အရင်အခါတွေတုန်းကငါ့ဖင်ကိုဆောင့်ကန်ပြီးနိုးတာဘယ်သူများလဲဗျ"

"အဲ...."

အာဂဘယ်လိုသင့်တော်တဲ့အဖြေပြန်ပေးရမယ်မှန်းစဥ်းစား၍မရ။နငယ်လေးက'ဗျ'တွေဘာတွေသုံးလို့ပါလား။အမှန်ဆိုပီတိဖြစ်ရမှာပေမယ့် ငယ်ပေါင်းဖြစ်တဲ့သူကသိလေသည်။မာနတို့ယဥ်ကျေးပြီဆိုအခြေအနေမကောင်းတော့ဘူးဆိုတာ။

"ဟို...အဲ့တာက..."

"ဆက်ပြောလေ"

"အရင်ကသူငယ်ချင်းဆက်ဆံရေးလေ အခုမောင်တို့ကချစ်သူတွေဖြစ်နေကြပြီမဟုတ်လား။ မောင်ကမောင့်နငယ်လေးကိုကန်ဖို့မပြောနဲ့ လေကြမ်းကြမ်းတိုက်ခံရမှာတောင်စိုးရိမ်တာဗျားး။ နို့ ဒါ့ကြောင့် လေလေးတစ်ဖူးဖူးမှုတ်ပြီးကြင်ကြင်နာနာနိုးတာ"

"ဟွန်း! အလျောက်ကောင်းလို့အထောင်းသက်သာတယ်မှတ်ပါ"

"ဟုတ်ပါပြီဗျာ နိုးရင်ထတော့လေ မောင့်နငယ်လေး"

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now