အပိုင်း(၁၉)

8.9K 1K 196
                                    

ကလေးတွေကိုနှုတ်ဆက်အပြီး သူတို့နှစ်ယောက်လုံးဝိုင်းထဲမှထွက်လာခဲ့လိုက်ကြသည်။အရင်လိုစကားတွေတတွတ်တွတ်မပြောတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားသူလေးဟာ ဘာတွေကိုများအတွေးလွန်နေရပါသလဲ။မျက်ဝန်းလေးတွေကလည်းမှုန်မှိုင်းနေကာ စိတ်မပါလက်မပါနှင့်လျှောက်လှမ်းနေသည့်ခြေလှမ်းလေးတွေ။

"ဘာတွေတွေးနေတာတုန်းဗျ ငြိမ်ကျသွားလိုက်တာများ"

"ဟင်"

ဓားပြကြီး၏အသံကြားမှ အတွေးလွန်နေရာမှ စောလွန်းအသိဝင်လာတော့သည်။တကယ်တော့...ကလေးတွေအကြောင်းစဥ်းစားရင်း မှိုင်နေမိတာဖြစ်၏။

"စိတ်မကောင်းဖြစ်နေကြတဲ့ကလေးတွေကိုကြည့်ပြီး ကျွန်တော်လည်းစိတ်မကောင်းလို့ပါ"

သက်လယ်ပြောတာလည်းဟုတ်သည်။တစ်ခါလေးပဲတွေ့ဖူးတာတောင်ကလေးတွေကသက်လယ်ကိုသံယောဇဥ်တွယ်နေကြသည်။ရာဇတို့နှင့်သာ နေ့နေ့ညညနေခဲ့ရသည့်ကလေးတွေဖြစ်တာကြောင့် အသစ်ရောက်လာသည့်သက်လယ်ကိုခင်တွယ်ကြတာအဆန်းတော့မဟုတ်။

နှုတ်ဆက်သည့်အချိန်တုန်းကလည်းမျက်နှာလေးတွေမကောင်းကြ။ဖြစ်နိုင်လျှင်သူတို့နှင့်သာနေပါ့လားလို့တောင်းဆိုကြသည့်အခါ  သက်လယ်သာမကရာဇပင်ကရုဏာသက်မိသည်အထိ။အားလုံးထဲမှာ နန်းကြာလေးကတော့အဆိုးဆုံးပင်။ဂျစ်တူးမလေးကသက်လယ်၏ခြေထောက်ကိုဆွဲဖက်ထားကာ မပြန်နဲ့ မပြန်နဲ့ချည်းပြောနေလို့ ရာဇမနည်းချော့လိုက်ရသည်။ဒါတောင် နောက်လည်းသူတို့ဆီလာလည်ဖို့မှာနေကြသေးတာ။

ကလေးတွေရယ်....မင်းတို့ရဲ့ဦးဦးကဦးကြီးတို့ဆီ နောက်တစ််ခေါက်ဘယ်သောအခါမှပြန်လာတော့မှာမဟုတ်ဘူးလို့ ရာဇဘယ်ကသတ္တိတွေနဲ့များပြောထွက်နိုင်ပါအံ့။

"သူတို့လေးတွေနောက်တော့လည်းအဆင်ပြေသွားမှာပါ သက်လယ်စိတ်မကောင်းမဖြစ်နဲ့နော်"

ချစ်ရသူမျက်နှာလေးညှိုးငယ်နေရင်တောင် ရာဇမနေတတ်ပါ။ကျုပ်နဲ့ကလေးတွေဘယ်လိုပဲစိတ်မကောင်းဖြစ်နေပါစေ ခင်ဗျားကတော့ပျော်နေသင့်တာမလား။ခင်ဗျားချစ်တဲ့ချစ်သူရှိရာ ဒေါင်းလုံရွာလေးဆီပြန်နိုင်တော့မှာလေ။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now