အပိုင်း(၂၆)

9.8K 1.1K 181
                                    

"ဓားပြကြီး"

ကိုယ့်ဆီပြေးလာနေသည့်သက်လယ်ကြောင့် ရာဇစိုးထိတ်သွားသည်။ဦးသိုက်ခမ်း၏ လက်ထဲ ဓားရှိနေသည်မဟုတ်လား။

"သက်လယ် မလာနဲ့"

သို့သော်..ခေါင်းမာတတ်သည့်ကောင်လေးသည် မျက်ရည်လည်ရွှဲနှင့် ခြေလှမ်းတွေကလည်းရပ်တန့်မသွားခဲ့။

အာရုံပြောင်းသွားသည့်ရာဇကြောင့် သိုက်ခမ်းအောင်နိုင်သူလို ယုတ်မာစွာပြုံးပြီးလက်ထဲမှာကိုင်ထားသော ဓားအားကျစ်ကျစ်ပါအောင်ဆုပ်ကာ အားကုန်ခုတ်ချလိုက်သည်။

ရွှမ်းးး

ဒိုင်းးး

ရင်ဘတ်နားတစ်ဝိုက်ပူခနဲဖြစ်သွားတာကြောင့် ရာဇကိုယ့်ကိုကိုယ်ငုံ့ကြည့်လိုက်သည်အခါ ရင်ဘတ်မှကန့်လန့်ဖြတ်ဓားဒဏ်ရာမှသွေးတွေစီးကျနေသည့်မြင်ကွင်းကို ထိတ်လန့်စွာတွေ့လိုက်ရသည်။

တရားခံကိုရှာကြည့်လိုက်တော့မြေပြင်ပေါ်မှာလဲကျနေပြီဖြစ်သည့်ဦးသိုက်ခမ်း။နှာဖူးတွင်လည်းသေနတ်ဒဏ်ရာကြီးဖြင့်မျက်လုံးဖွင့်လျက်သေဆုံးနေချေပြီ။

ဦးသိုက်ခမ်းအားသေနတ်ဖြင့်ပစ်လိုက်သူမှာ ချုံထဲတွင်ပုန်းနေသည့်သော်ကဖြစ်သည်။သော်က ဟိုလူဆရာ့ကိုဓားဖြင့်ရွယ်လိုက်ချိန်တည်းက သူသည်လည်းနှစ်လုံးပြူးနှင့်ချိန်ထားခဲ့တာဖြစ်သည်။

ရင်ဘတ်ကိုလက်ဖြဖိကာမြေကြီးပေါ်ဒူးထောက်ကျသွားသည့်ဆရာကြောင့် သူတို့သုံးယောက်လုံးပုန်းနေရာမှထွက်လာလိုက်သည်။တော်သေးသည်က သော်ကပစ်တာမြန်လို့ ဦးသိုက်ခမ်းဆရာ့ကိုခုတ်လိုက်သည့်အားကလျော့နည်းသွားခဲ့ခြင်း။

"ဆရာ"

ရာဇအသက်ရှူလို့မဝတော့သလိုခံစားလာရသည်။ဓားဒဏ်ရာကသေလောက်အောင်နာကျင်နေကာ သွေးတွေလည်းတိတ်မသွား။မျက်လုံးတွေပြာဝေလာတာကြောင့် နေရာမှာတင်ဒူးထောက်ကျသွားသည်။

အသိစိတ်ပျောက်မသွားအောင်ထိန်းရင်း ချစ်ရသူလေးကိုကြည့်လိုက်တော့ ကျောက်ရုပ်တစ်ခုလိုတောင့်တောင်ကလေးရပ်ကာ ရာဇကိုမျက်တောင်မခတ်တမ်းကြည့်နေသည်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now