အပိုင်း(၃၀)

9.2K 1K 95
                                    

"သြော် မောင်စိန် လာလေကွယ်...မင်းဆရာဆီလာတာလား"

အိမ်ထဲသို့ခပ်ကုပ်ကုပ်ဝင်လာသည့်အကို့တပည့်ဖြစ်သူကိုဒေါ်တင်ကြည်ပြောလိုက်သည်။ရိုးသားပြီးကြိုးစားတာကြောင့် အလုပ်သမား အလုပ်ရှင်ဆံဆက်ရေးထက်မိသားစုတွေလိုပင်ဖြစ်နေပြီမဟုတ်လား။

"ဟုတ်ကဲ့ ဒေါ်လေးကြည် ဆရာရှိလား"

"ရှိပါ့တော် ဒေါ်လေးသွားခေါ်ပေးမယ် ခဏထိုင်စောင့်လှည့်"

"ဟုတ်"

ဧည့်ခန်းကထိုင်ခုံမှာမောင်စိန်ဝင်ထိုင်ပြီးပြီဆိုမှ သူမလည်းအိမ်ပေါ်ထပ်ရှိအိပ်ခန်းဆီသို့တတ်လာခဲ့လိုက်သည်။အပေါ်သို့ရောက်သော် အကိုကမှန်ပါသည့်ဗီရိုရှေ့ဝယ် လယ်ကတုံးကြယ်သီးကိုတပ်နေလျက်။

"အကို ပေး ကြည်လုပ်ပေးမယ်"

ကြယ်သီးပေါက်ကကျဥ်းနေတာကြောင့် တပ်ရခက်နေဟန်တူသည်အကို့ကို ဒေါ်တင်ကြည်ဝင်ကူညီရတော့သည်။

အနည်းငယ်ပုနေသည့်သူမအရပ်ကြောင့်အကိုကခါးကိုင်းပေးလာသည့်အခါ သူမသဘောတကျပြုံးလိုက်မိသည်။ဒီလိုအပြုအမူလေးတွေကသူမတို့အိမ်ထောင်ကျကာစတည်းကပင်။အခုဆိုသားလေးတောင်အိမ်ထောင်ပြုသင့်သည့်အရွယ်ကိုကျော်လွန်နေပေမဲ့ သူမတို့လင်မယား၏ ဤသို့နွေးထွေးကြည်နူးဖွယ်အမူအကျင့်လေးများသည်ပျောက်ပျက်သွားသည်လို့မရှိပေ။

"အကို"

"ပြောလေ ကြည်"

"သားလေး ကြည်တို့ဆီပြန်လာမှာပါနော်"

ရုတ်တရက်ကြီး သားကိုသတိရသွားသည့်ကြည်ကြောင့်ဦးရာဖေသက်ပြင်းချမိသည်။ကိုယ့်ပုခုံးထက် အရိပ်နိမ့်နေသူလေး၏ပုခုံးကိုဖက်ကာ အိပ်ခန်းထဲမှထွက်လာရင်း

"ကြည်စိတ်မပူနဲ့နော် ကိုယ်အမြန်ဆုံးသားလေးကိုပြန်ခေါ်ခဲ့မယ်"

"ဟုတ်ကဲ့ ကြည်အကို့ကိုယုံပါတယ်"

ဇရာတွေပေါ်နေပြီဖြစ်သည့်တိုင် သာယာလှပဆဲသူတို့အိမ်ထောင်ရေးလေးကြောင့် အပြုံးတွေကလည်းတောက်ပနေသည်။သားလေးသူတို့နှင့်အတူ မရှိတာတစ်ခုကလွဲ၍ပေါ့။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now