အပိုင်း(၁၆)

9.4K 1K 171
                                    

"တောက်စ်  ဒီကောင်တွေလွန်လွန်းနေပြီ"

သင်္ချိုင်းပျက်ကြီးတစ်ခုရှိအမိုးလုံဇရပ်တစ်ခုတွင် ဦးသိုက်ခမ်း၏အသံသည်မကျေမချမ်းထွက်ပေါ်လာကာ အလွန်တရာမှဒေါသထွက်နေဟန်ရှိသည်။ဘေးမှာရှိသည့်တပည့်တပန်းတွေကလည်း မီးလောင်ရာလေပင့်ချင်သည့်ဟန်ရှိသည်။

"ဟုတ်တယ်ဆရာကြီး ဒီရာဇဆိုတဲ့ကောင် ဆရာကြီးကိုကျော်ခွသွားတာများပြီ"

"အေး လုပ်ထားအုံးပေါ့ကွာ တစ်နေ့ကျရင်တော့သိုက်ခမ်းဆိုတဲ့ငါ့အကြောင်းကောင်းကောင်းကြီးသိစေရမယ်"

သိုက်ခမ်းတို့ဓားပြအဖွဲ့ဆိုတာ ဟိုးအရင်တည်းကလုပ်စားလာခဲ့တာ။ဒါကိုဘယ်ကပေါ်လာမှန်းမသိတဲ့ မနေ့တစ်နေ့ကကောင်ကကိုယ်တွေရဲ့အစာကိုလာဟပ်သွားတာများပြီ။ပထမဆုံး ချမ်းသာတဲ့ခရိုနီဦးတုတ်ကြီး၊နောက်တော့...အမြတ်ကြီးစားတဲ့ဒေါ်ငွေခင်၊အခုလည်းကိုယ်တွေပစ္စည်းဝယ်နေကျ ဦးစိန်ပေါတို့လုပ်ငန်းတွေကိုလည်းဖျက်စီးသွားပြန်သည်တဲ့။ဘယ်သူလာကြောတာမှမခံတဲ့ ဦးစိန်ပေါကလည်း ဒီကောင့်ကိုဘာလို့ဘာမှမတုန့်ပြန်သလဲဆိုတာ သိုက်ခမ်းနားမလည်။

အခုဆိုရွာတော်တော်များများမှာပုလိပ်တွေကအုပ်ချုပ်နေပြီ။အရင်လိုဓားပြတိုက်စားဖို့ဆိုတာလည်းခက်ခဲသွားခဲ့ပြီ။ဒါ့အပြင်လက်ထဲမှာရှိတဲ့ငွေကလည်းစားနိုင်သောက်နိုင်ရုံလောက်သာကျန်တော့သည်။ဒီအတိုင်းဆို ကြာရင်...တပည့်တွေကရွှေကုန်ငွေကုန်ဖြစ်တော့မည့်သူ့ကိုပုန်ကုန်ကြမှာမလွဲဧကန်ပင်။ထိုဒီအကြောင်းတွေတွေးမိတိုင်း ရာဇဆိုသညကောင်ကိုဒေါသအလိပ်လိပ်ထွက်မိသည်။

"ဒီကောင်တွေရဲ့လှုပ်ရှားမှုတွေကိုမင်းတို့သေချာစောင့်ကြည့်ထားကြနော်"

"ဟုတ်ကဲ့ပါဆရာကြီး ဟိုတစ်ခါငွေတိုးချေးစားတဲ့အဖွားကြီးကိုဓားပြတိုက်ပြီးနောက်ပိုင်း  ဒီကောင်တွေငြိမ်နေတာ မနေ့ကမှ..ဦးစိန်ပေါတို့ဘိန်းဂိုထောင်ကိုဝင်စီးသွားတာ ပြီးတော့လည်း ဘာပစ္စည်းမှမယူသွားဘဲအကုန်လုံးကိုမီးရှို့ခဲ့တာတဲ့"

တပည့်ဖြစ်သူ၏စကားကြောင့် ဦးသိုက်ခမ်းတွေးစစဖြစ်သွားရသည်။ဒေါသထွက်နေသောကြောင့် ဒီအကြောင်းကိုသေချာမစဥ်းစားကြည့်မိလိုက်။အခုတွေးကြည့်တော့မှ တော်တော်လေးထူးဆန်းနေသည်။ဘယ်ဓားပြကအခုလိုမျိုးလုပ်မှာလဲ။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now