အလွန်တရာမှခမ်းနားကြီးကျယ်လှသောရှေးဟောင်းစံအိမ်ကြီးတစ်ခု၏ဧည့်ခန်းအတွင်းတွင်ဖြစ်သည်။
ထိပ်ဆုံးတွင်ကျွန်းသစ်သားခုံကြီးဖြင့်ထိုင်နေသော အသက်၅၀ခန့်အရွယ်ရှိသည့်လူတစ်ယောက်။ကြည့်လိုက်တာနှင့်အရှိန်အဝါတစ်ခုကိန်းဝပ်နေသလို တည်ကြည်ဖြောင့်မတ်ဟန်လည်းပေါ်သည်။အသက်အရွယ်ရနေပြီဖြစ်သော်လည်း အရွယ်တင်ခန့်ချောနေသည်မှာလည်းအားကျဖွယ်။ထိုသူမှာ...
သခင်ဦးရာဖေ......
ဦးရာဖေ၏ဘေးတစ်ဖက်ညာဘက်တွင် အေးချမ်းသည့်မျက်နှာလေးဖြင့်အသက်၅၀ကျော်အရွယ်မိန်းမတစ်ယောက်က စိတ်ပူသည့်မျက်နှာပေးဖြင့်ထိုင်နေသည်။ယောင်္ကျားဖြစ်သူ၏စိတ်သဘောထားနှင့် ဒေါသကြီးတတ်ပုံကိုသိသည့်အလား။
ထိုမျှမကသေး ဦးရာဖေ၏ဘယ်ဘက်တွင်လည်းမိန်းမပျိုတစ်ဦးရှိနေသေး၏။မကြာခင်မှာပဲ ထိုမိန်းကလေးထံမှစကားသံတချို့ထွက်လာတော့၏။
"ဦးရာဘယ်လိုလုပ်ပေးမှာလဲ"
မျက်နှာချေမှုန့်တွေလိမ်းကျံချယ်သထားသည့်မျက်နှာလေးနှင့်မှမလိုက် နှုတ်ခမ်းနီဆိုးထားသည့်နီရဲရဲနှုတ်ဖျားမှထွက်ပေါ်လာသည့် လေသံကမာဆတ်ဆတ်။ခြေချိတ်ကာထိုင်နေတာကြောင့် ဘရိုကိတ်သားထဘီအောက်ကသူမ၏ခြေတံမှာလည်းပေါ်ထင်လို့နေ၏။
သူမမေးလိုက်သော်လည်း အကြပ်ရိုက်ကာပြန်ဖြေကြားလာခြင်းမရှိသည့်ဦးရာဖေကြောင့် လက်တစ်ဆစ်သာရှိသည့်စိတ်ကမရှည်တော့ပေ။
"မြိုင်စိတ်မရှည်တော့ဘူးနော် အခုအကိုကဘယ်ကိုရောက်နေရသလဲ"
"မြိုင်ရယ် မေကြည်တို့လည်းရှာနေတာပါပဲ သို့ပေသိ...မြိုင်သိတဲ့အတိုင်း မြိုင့်အကိုကတစ်ဇွတ်ထိုး"
"အို.....အကိုတစ်ဇွတ်ထိုးလုပ်တာအရေးမကြီးဘူးရှင့် မြိုင့်ဘက်ကိုလည်းကြည့်ပေးကြပါဦးလား"
သုံးနှစ်ရှိပြီ။မြိုင်ဆိုသည့်သူမ သတို့သားပျောက်သောသတို့သမီးဖြစ်နေခဲ့ရတာသုံးနှစ်ရှိခဲ့ပြီ။
"မေကြည်တို့လည်းအားနာရပါတယ်ကွယ်"
အားနာတယ်တဲ့လား။တွေ့အောင်တောင်မရှာနိုင်သေးဘဲနဲ့လေ။အခုဆို...သူငယ်ချင်းတွေကြားထဲလည်းမျက်နှာမပြဝံ့အောင်ပင်။
YOU ARE READING
"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]
Romanceဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သည့်ခေတ်ကအကြောင်းတွေပါဝင်မှာဖြစ်တဲ့အတွက် လူမျိုးရေးတိုက်ခိုက်လိုခြင်းမရှိကြောင်းကြိုတင်အသိပေးချင်ပါတယ...