ဇာတ်သိမ်းပိုင်း

14K 858 157
                                    

"ကိုကြီးသော်က"

ထိုခေါ်သံတိုးညှင်းညှင်းက ရေကြည်ချောင်းလေး၏စီးဆင်းသံနှင့်အတူ သော်က၏နားထဲသို့ နူးညံ့စွာသက်ဆင်းဝင်ရောက်လာ၏။

မယုံနိုင်စွာလှည့်ကြည့်မိသည့်အခိုက် ပကတိကြည်လင်အေးမြစေသည့် အပြုံးနုနုက သော်ကနှလုံးသားတစ်ခုလုံး ညံ့သက်သွားဖို့အထိလုံလောက်ခဲ့သည်။

ရှုပ်အင်္ကျီအဖြူပေါ်မယ် ကြိုးနှစ်ချောင်းပါသည့်ဘောင်းဘီတိုလေးကိုဝတ်ထားကာ ရှူးဖိနပ်အမဲလေးမှာလည်းရွှံ့တွေဖြင့်ပေကျံနေသည်။ခရီးသွားလွယ်အိတ်အသေးလေးတစ်ယောက်လုံးလွယ်ထားပြီး သော်ကကိုရွှန်းရွှန်းစာစာကြည့်နေခဲ့တာဖြစ်သည်။

အခုချိန် ထိုကောင်လေးဘယ်လိုရောက်လာတာလဲဆိုသည့်အတွေးထက် ထိုကောင်လေးကိုပြန်မလွှတ်တော့ဘူးဆိုသည့်အတွေးသာ သော်ကခေါင်းထဲနေရာယူလို့ထား၏။

"ကိုကြီးသော်ကလို့"

အံ့သြမှုဖြင့်နှုတ်ဆိတ်ငြိမ်သက်နေမိတာ ထိုကောင်လေးအသံထပ်ထွက်လာမှ အသိလုံးလုံးဝင်တော့သည်။

"ဟင် တုံတုံ ဘယ်လိုဖြစ်လို့..."

အင့်!

ရုတ်တရက်ရင်ခွင်ထဲ အရှိန်ပြင်းပြင်းတိုးဝင်လာသည့် ကိုယ်လုံးလေးကြောင့် သော်ကနောက်ပြန်လဲမကျအောင် အရှိန်ထိန်းလိုက်ရသည်။ရင်ခွင်ထဲကစိတ်ရှုပ်စရာလေးကတော့ သော်ကရဲ့ခါးကိုမြဲမြံစွာ ချိတ်တွဲလို့ဖက်တွယ်ထားသည်။


"ကိုကြီးသော်ကကရက်စက်လိုက်တာ ဘာလို့တုံတုံ့အဝေးကိုထွက်သွားရတာလဲ မချစ်ဘူးဆိုလည်းရပါတယ်ဗျာ အနားမှာမြင်နေခွင့်လေးပေးစေချင်မိတယ်"

ဝမ်းနည်းမှုကြောင့်တုန်ယင်နေသည့် ထိုစကားလုံးတွေကသော်က၏ ရင်ကိုထိုးစိုက်သည့်ဓားထက်ထက်တစ်လက်လို....

သူ့ဆုံးဖြတ်ချက်က အခုလိုထိုကောင်လေး ဝမ်းနည်းတကြီး ဖြစ်သွားမယ်မှန်းသာသိခဲ့ရင် သော်ကရက်ရက်စက်စက်ပြောပြီး ထားပစ်ခဲ့မှာမဟုတ်ပေ။

အတွေးနှင့်အတူ ရင်ခွင်ထဲပြိုဆင်းနေသည့် ကိုယ်လုံးလေးကို သော်ကပြန်လည်သိုင်းဖက်လိုက်၏။တစ်ခါမှ ယခုလိုတစ်ပါးသူအားမပြုမူဖူးတာကြောင့် သူ့အပြုအမူမှာ နုနုရွရွနှင့် ပဲ့ကြွေတော့မည့်အရာကိုကိုင်တွယ်သလို ညင်ညင်သာသာရှိလှသည်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now