အပိုင်း(၃၂)

9.3K 927 116
                                    

အခြေအနေကတော်တော်လေးကိုကသိကအောင်နိုင်လှပါသည်။မမျှော်လင့်ထားသည့်အချိန်မှာ ချစ်သူတွေဖြစ်သွားခဲ့ကြသော သူနှင့်သက်လယ်၏အိမ်ပြန်လမ်းလေးဟာတိတ်ဆိတ်နေပေမဲ့ ကြည်နူးဖွယ်တော့ကောင်းခဲ့ပါသေး၏။

အကြောင်းမှာ တစ်လမ်းလုံးသက်လယ်၏လက်ဖဝါးလေးကို မလွှတ်တမ်းဆုပ်ကိုင်ထားခဲ့သည့်ရာဇကြောင့်ပင်။

အခုလည်း မအိပ်ခင်ဘုရားရှိခိုးနေသည့်သက်လယ်ကို  ရာဇလက်ထောက်၍မလွတ်တမ်းငေးကြည့်နေတာဖြစ်သည်။မျက်လွှာလေးချလို့ လက်အုပ်လေးချီကာ နှုတ်ခမ်းကပွစိပွစိနှင့်ဘုရားစာရွတ်နေသည့်သက်လယ်ကရာဇ၏နိဗ္ဗာန်ဘုံလေးပင်။

မကြာပါ ဘုရားရှိခိုးခြင်းအမှုပြီးသွား၍ထင်  ဦးသုံးကြိမ်ချဆုတောင်းပြီး ရာဇဘက်သို့မျက်နှာရောခန္ဓာကိုယ်လေးပါလှည့်လာသည်။

"ဓားပြကြီး"

"ဗျာ့"

"ခင်ဗျားရော ဘုရားမရှိခိုးဘူးလား ကိုးကွယ်တာကဗုဒ္ဓဘာသာမဟုတ်လို့လား"

စောလွန်းတကယ်ကိုမသိလို့မေးလိုက်တာဖြစ်သည်။သို့သော် ဓားပြကြီးပြန်ဖြေလာသည့်စကားကြောင့် ပါးပြင်နှစ်ဖက်လုံးရဲတွတ်သွားရသည်။

"ကိုယ်ကိုးကွယ်တာကချစ်ရတဲ့သက်လယ်"တဲ့လေ...

တကယ်ပါ သည်လူကြီးကတော့ မပြောရဲတာမရှိဘူး။

"ကဲ ရှက်တာလေးကိုလျှော့ အခုတောင်ရှက်နေရင်နောက်ဆိုဘယ့်နှယ့်လုပ်မတုန်း"

"ဘာဆိုင်လို့လဲ"

"ဆိုင်သပဗျာ ခုဆိုသက်လယ်လေးကကိုယ့်ချစ်သူဖြစ်သွားပြီလေ ကိုယ်ကချစ်ကြောင်းတွေချည်းလိပ်ပတ်မလည်အောင်ပြောတော့မှာ"

အောင်မလေး ပြောနေတဲ့ပုံကိုကအရင်ကသူချစ်ကြောင်းတွေမပြောခဲ့ရသလိုလိုဘာလိုလိုနဲ့။ရှက်သွေးဖျာနေရာမှစောလွန်းမျက်နှာလေးစူပုတ်သွားသည်။

"နှုတ်ခမ်းကစူပြန်ပြီ ကိုယ်နမ်းလိုက်ရမလား"

"လုပ်ကြည့်လေ ဒုတိယမြောက်လက်သီးပြန်ကျွေးလိုက်မှာ"

"ဟော စွာလှချည်လား ချစ်သူလေးရဲ့"

"ပိုင်ဆိုင်ကြောင်းအရသာခံပြောနေတာတွေခုရပ်"

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now