အပိုင်း(၁၃)

9.9K 1K 196
                                    

"ကိုကိုချစ် ဒီဆန်ပြုတ်ကိုတော့ကုန်အောင်သောက်လိုက်ပါလား"

ခင်နှင်းပြောနေသော်လည်း ရှေ့တူတူကိုအသိစိတ်မဲ့နေသလိုစိုက်ကြည့်လျက် ခေါင်းအသာခါပြသူကိုမည်သို့ဖြောင်းဖြရမလဲမသိတော့ပေ။သတိပြန်ရလာတာနှစ်ရက်ရှိနေပြီဖြစ်သော်လည်း အရှင်းမပျောက်သေးသည့်ဒဏ်ရာတွေကြောင့်အထူးဂရုစိုက်ပေးဖို့ဆရာဝန်ကြီးကမှာထားခဲ့တာ။အဲတာတောင် သတိရရချင်းဆရာလေးကိုသူလည်းလိုက်ရှာမည်ဆိုကာ အသည်းအသန်ကုန်းထလို့ထနဲ့မလို့သူကြီးနှင့်ရွာသားတွေအကုန်လုံးလိုက်ရှာပေးနေပါသည်၊ကိုယ်တိုင်ကတော့ကျန်းမာရေးသာဂရုစိုက်ပါလို့ပြောလိုက်ကာမှငြိမ်ကျသွားတော့သည်။

ဟော...ငြိမ်သွားတော့လည်းတုပ်တုပ်မျှကိုမလှုပ်။ဆေးသောက်ဖို့ရာအစာဝင်အောင်ကျွေးနေလည်း ခင်နှင်းပြောတာတွေကိုမကြားသလိုသာနေနေသည်။ကိုကိုချစ်ကလျစ်လျူရှုလည်း ခင်နှင်းကစိတ်ပူသည့်အတွက် နေအမြန်ပြန်ကောင်းအောင်အစာကျွေးပြီးဆေးတိုက်ရမှာပင်။

"ကိုကိုချစ်နေအမြန်ပြန်ကောင်းမှ ဆရာလေးကိုလိုက်ရှာလို့ရမှာလေ ခင်နှင်းပြောတာမဟုတ်လား"

ထိုအခါမှမျက်လုံးတွေအရောင်တောက်လာကာ ခင်နှင်းဘက်ကိုလှည့်ကြည့်လာသည်။ဆရာလေးကိုအဲသည်လောက်တောင်ပဲခင်တွယ်ရသလား ကိုကိုချစ်ရယ်....

"ဒီဆန်ပြုတ်လေးကုန်အောင်သောက်မယ်မလားဟင်"

"အင်း"

ထိုအခါမှ ခင်နှင်းသက်ပြင်းချလိုက်တော့သည်။ဒီတစ်ခါသာပြောလို့မရလျှင် ဘယ်လိုပြောပြီးဝင်အောင်ကျွေးရမလဲမသိတော့ပေ။

ခွံ့ကျွေးသမျှကိုနှုတ်ဆိတ်စွာစားနေလိုက်တာများ အခုနကငြိမ်သက်နေသည့်ပုံစံနှင့်တခြားစီ။ဆန်ပြုတ်ကုန်သွားတော့ ဆရာဝန်ကြီးပေးထားခဲ့သည့်ဆေးကိုတိုက်ရသည်။ခင်နှင်းတို့လိုတောရွာလေးမှာ စေတနာ့ဝန်ထမ်းဆရာဝန်လေးတွေရှိလို့သာတော်ရော့သည်။မဟုတ်လျှင် တကယ့်ကိုအခက်တွေ့လိုက်မည့်ဖြစ်ခြင်း။

"ဒါဆို ကိုကိုချစ်ခဏနားဦးနော် ခင်ပန်းကန်လေးဆေးဦးမယ်"

ပြောင်ရှင်းသွားပြီဖြစ်သည့်ဆန်ပြုတ်ပန်ကန်းလေးကိုကိုင်ကာ ထရပ်ရန်ပြင်လိုက်သော်လည်း လက်ကောက်ဝတ်ကိုဆွဲကိုင်ခံလိုက်ရတာမလို့ ခင်နှင်းအလန့်တကြားထိုင်ချလိုက်မိသည်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now