အပိုင်း(၂၄)

8.9K 1K 119
                                    

"ဟုတ်ကဲ့ အမိန့်ရှိပါ"

"ဘာ!"

"ဟုတ်ပြီ ငါအမြန်ပြန်လာခဲ့မယ်"

တစ်ဖက်ကလက်အောက်ငယ်သားပို့လာသော သတင်းစကားကြောင့် ဦးရာဖေဖုန်းကိုတောင်ဆောင့်ချလိုက်မိသည်။

"ဘာဖြစ်လို့လဲ အကိုရယ်...မထိတ်သာမလန့်သာရှိလိုက်တာ"

ဝိုင်းထဲကကွပ်ပျစ်ပေါ်မှာဆန်ဖွပ်နေရင်း အိမ်ပေါ်ထပ်မှထွက်ပေါ်လာသောကျယ်လောင်သည့်စကားသံကြောင့် ဒေါ်တင်ကြည်အိမ်ပေါ်တတ်ပြေးတတ်လာခဲ့ရသည်။ထင်သည့်အတိုင်း ယောင်္ကျားဖြစ်သူမှာမျက်နှာကြီးနီရဲနေကာ ဖုန်းကိုတောင်ဆောင့်ချလိုက်သေးသည်။

"ကိုယ်တို့ရန်ကုန်အမြန်ပြန်ရမယ် ကြည်"

"ဟင် ဘာပြဿနာဖြစ်လို့လဲ"

"မြို့မကျောင်းကကျောင်းသားတချို့ဆန္ဒပြကြတယ်တဲ့ အဲတာ... ဟိုဘက်ကလည်း အင်အားသုံးပြီးဖြိုခွင်းနေတယ်ကြားတယ်"

"အို...ဘုရားဘုရား ကျောင်းသားတွေဘာမှမဖြစ်ပါစေနဲ့"

ကြည်ကဆန္ဒပြကျောင်းသားတွေကိုဆုတောင်းပေးရင်း ရင်ဘတ်ကိုလည်းလက်နှင့်ဖိထားသေးသည်။

အမျိုးသမီးဖြစ်သူ၏ပုခုံးလေးကိုထွေးဖက်လို့ဦးရာဖေနှစ်သိမ့်ပေးမိသည်။သားမွေးထားသည့်မိခင်ဖြစ်တာကြောင့် အခြားကလေးတွေကိုအခုလိုစိတ်ပူပေးတာမထူးဆန်းပါ။

ရာဖေဆိုတာအမျိုးသားလှုပ်ရှားမှုခေါင်းဆောင်တစ်ဖြစ်လည်း ဝံသာနုကြီးတစ်ယောက်ဖြစ်သည်။ရာထူးရာကံမမက်မောဘဲ နိုင်ငံ့လွတ်လပ်ရေးကိုသာရှေးရှုသူတစ်ဦးဖြစ်တာကြောင့် လက်အောက်ငယ်သားတွေအားလုံးလေးစားအားကျရတာဖြစ်သည်။အခုပြဿနာကိုလည်း သူတို့ဘယ်လိုဖြေရှင်းရမလဲမသိသည့်အဆုံးမှရာဖေ့ကိုဆက်သွယ်ခြင်း။ကျောင်းသားတွေ၏အသက်နှင့်လုံခြုံရေးကအရေးကြီးတာကြောင့် သူတို့မနက်ဖြန်မနက်စောစောပြန်ဖို့ဆုံးဖြတ်လိုက်ကြသည်။

"ဒါနဲ့ ကြည့်သားကိုအသိပေးလိုက်ပါဦး ပြောတော့ရွာကိုမလာချင်ဘူးလေးဘာလေးနဲ့ အခုများတော့ဖမ်းလို့တောင်မမိတော့ဘူး"

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now