အပိုင်း(၃၇)

8K 788 159
                                    

"ဖြစ်ပါ့မလားဟင် ကိုကို"

"အဟမ်း"

ရာဇချောင်းတစ်ချက်ဟန့်လိုက်သည်။ကိုကိုဆိုတဲ့ခေါ်သံလေးအမြဲကြားချင်ခဲ့သော်လည်း အခုလိုကြားရပြန်တော့လည်းမနေတတ်မထိုင်တတ်ဖြစ်နေမိသည်။သဘောမကျ၍တော့မဟုတ် ကျလွန်း၍သာ။

"ဟုတ်တယ်ဆရာ ဖြစ်ပါ့မလား"

အာဂကပါမျက်မှောင်ကြီးကြုတ်လျက်ဝင်ပြောလာသည်။ခေါင်းကိုလည်းတဗျင်းဗျင်းကုပ်နေသေး၏။

"ဖြစ်ပါတယ်ကွ"

"ကျွန်တော်တော့ဖြင့်မထင်ဘူးနော်"

ခေါင်းတစ်ခါခါနဲ့ မာနကလည်းဝင်၍စောဒကတတ်ပြန်သည်။ကိုယ်ကဖြစ်ပါတယ်ပြောနေတာတောင်ငြင်းနေကြသေးတာကြောင့် ရာဇဒေါသထွက်လာရသည်။

"မင်းတို့သေချင်နေပြီလား ငါကဖြစ်တယ်ဆိုဖြစ်လိုက်ပေါ့ ဘယ့်နှယ် အထွန့်တတ်နေရသလဲကွ"

အာဂနဲ့မာနခေါင်းအလျိုလျိုငုတ်သွားကြသည်။သို့သော်...

"အခု ကျွန်တော့်ကိုအော်လိုက်တာလား"

သူ့ကိုယ်သူလက်ညှိုးထိုးကာမျက်လုံးလေးပြူးပြီးမေးနေသည့်သက်လယ်။ထိုအခါမှ ရာဇပျာပျာသလဲဖြစ်ကာ

"အလိုဗျာ...သက်လယ်ကိုအော်စရာလား ဟိုနှစ်ကောင်ကိုအော်တာ"

သူ့စကားအဆုံးမှာသက်လယ်ရဲ့မျက်နှာကကျေနပ်သွားသလိုရှိသော်လည်း မတရားအော်ခံလိုက်ရသည့်အာဂနဲ့သော်ကမှာတော့မျက်နှာကြီးရှုံ့မဲ့သွားသည်။

"နို့ အဲ့တာဆိုလည်း ကျွန်တော်တို့ဘယ်နေ့သွားမလဲဆရာ"

"အင်း အမြန်ဆုံးပေါ့"

သော်က၏အမေးကိုပြန်ဖြေပြီးနောက်တွင်တော့ သူတို့ရဲ့ဆွေးနွေးဝိုင်းတစ်ဖြစ်လည်းစကားဝိုင်းလေးကတိတ်ဆိတ်သွားတော့သည်။

ဘယ်ကိုသွားဖို့လဲဆိုတော့ သက်လယ်ကိုဆွေပြမျိုးပြအဖြစ်မြို့ကအဖေနဲ့အမေဆီခေါ်သွားဖို့ဖြစ်သည်။တပည့်သုံးယောက်ကိုလည်းမထားခဲ့ချင်တာကြောင့် အကုန်လုံးတစ်စုတစ်စည်းတည်းရန်ကုန်သွားရန်ဆွေးနွေးနေကြခြင်း။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now