အပိုင်း(၃၄)

8.3K 950 100
                                    

(A/N-ဇာတ်လမ်းအချိုးအကွေ့မို့ ကြောင်မသွားဘဲအလိုက်သင့်လေးစီးမြောပေးပါနော်)

.
.

သူရိမ်နေမင်းကြီးကကောင်းကင်ထက်တွင်ထွန်းလင်းတောက်ပကာ လောကတစ်ခွင်ကိုအလင်းဆောင်နေသည်။ပြန်ကျစျေးလမ်းလေးတစ်လျှောက် စျေးသည်များ၊စျေးဝယ်သူများဖြင့်ပျားပန်းခပ်စီကားနေပုံမှာလည်းရွာ၏မနက်ခင်းလေးကိုသာယာစေသည်။

စောလွန်းစျေးခြင်းတောင်းလေးကိုင်လို့ ဟင်းစားဝယ်ရန်ဟိုဟိုဒီဒီလျှောက်ကြည့်နေမိ၏။တောင်ပေါ်ဒေသဖြစ်တာကြောင့် သားစိမ်းငါးစိမ်းတွေထက်အသီးအရွက်တွေကပိုပေါများကာ လတ်လည်းလတ်ဆတ်သည်။

စျေးဝယ်ရတာလည်းလွယ်ကူသည့်အလုပ်မဟုတ်။ဘာချက်ရင်ကောင်းမလဲဆိုတဲ့အတွေးကိုလမ်းလျှောက်ရင်းတွေးနေရသလို စျေးသက်သာပြီးအရေအသွေးကောင်းမည့်ကုန်စည်များကိုလည်းတပြိုက်နက်တည်းလိုက်ကြည့်နေရသေးသည်။ဒါပေမယ့် စောလွန်းအတွက်တော့ကျင့်သားရနေခဲ့ပါပြီ။

"ရှမ်းပန်းလေးတွေတန်တယ်နော် ဆရာလေး ရှမ်းပန်းလေးကြော်စားပါဦးလား"

အသီးအရွက်ဆိုင်တစ်ခုရှေ့သို့အဖြတ် ကိုယ့်ကိုဦးတည်ကာပြောလာသည့်စကားကြောင့်စောလွန်းခြေထောက်တွေလည်းရပ်တန့်ကာ ထိုအန်တီကြီးပြောသည့်ရှမ်းပန်းကိုကြည့်လိုက်သည်။ရှမ်းဂေါ်ဖီပန်းကအရွယ်အစားကြီးကာအနာအဆာလည်းကင်းသည်။ရိုးရိုးဂေါ်ဖီပန်းထက်စာရင် ရှမ်းပန်းကပိုအရသာရှိတာကြောင့် စောလွန်းဝယ်ရန်ဆုံးဖြတ်လိုက်သည်။

"ဟုတ်အရီးလှ ကျွန်တော့်ကိုတစ်ပွင့်ပေးပါနော် ဘယ်လောက်လဲမသိဘူး"

"၁ကျပ်ပဲ ဆရာလေးရေ လျော့ပေးလိုက်မယ် ကျုပ်တို့ရွာကကျောင်းဆရာလေးပဲဟာ"

"ဟုတ် ကျေးဇူးပါဗျ"

ကမ်းပေးလာသည့်ပန်းဂေါ်ဖီကိုလှမ်းယူလို့စောလွန်းကျေးဇူးတင်စရာပြောမိသည်။ဘာလေးဝယ်ဝယ်စျေးသည်ကိုကျေးဇူးတင်စကားပြောမိတာ ငယ်ငယ်တည်းကအမိုးသင်ပြပေးထားသည့်အကျင့်တွေထဲကတစ်ခုပင်။

"ဟင်းး ဆရာလေးလည်း အိမ်ထောင်ရက်သားလေးလေးပြုပါဦးလား ဟိုမတည့်အတူနေနှစ်ကောင်နဲ့ကလေးတွေနဲ့ပဲအချိန်ကုန်မနေပါနဲ့တော် ကျုပ်ဖြင့်ဆရာလေးကိုသားတစ်ယောက်လိုသဘောထားလို့ပြောတာပါ"

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now