အပိုင်း(၃၆)

8.1K 849 110
                                    

ကြွရွညင်သာလှသော်ခြေလှမ်းလေးတွေသည် ရွံ့မြေမာမာခင်းထားသည့်လမ်းလေးထက်တွင်တစ်လှမ်းချင်းတစ်လှမ်းချင်း အရာထင်လျက်ရှိသည်။ပတ်ဝန်းကျင်မှရင်းနှီးသည့်လူတစ်ချို့ကိုလည်းအပြုံးလေးနဲ့နှုတ်ဆက်လိုက်သေးသော်လည်း ခြေအစုံကတော့ဖြင့် လိုရာခရီးကိုသာဆက်နေမိသည်။လက်ထဲတွင်တော့ငှက်ပျော်ရွက်နဲ့ထုတ်ထာတဲ့အထုပ်လေးတစ်ခု။

မိနစ်အနည်းငယ်မျှလျှောက်ပြီးသည့်အချိန်တွင် မလှမ်းမကမ်းတွင်မြင်နေရသည့်လက်ပံပင်ကြီးကစောလွန်းအလာကိုကြိုတင်စောင့်မျှော်နေဟန်။အကြောင်းအရင်းမရှိခပ်ဖွဖွပြုံးမိသည်။သူသည်လည်းထိုလက်ပံပင်ကြီးလို တစ်စုံတစ်ယောက်ကိုစောင့်မျှော်နေရတာပဲမဟုတ်လား။

ချောက်ကမ်းပါးလိုဖြစ်နေသည့်လက်ပံပင်ကြီးရဲ့ဘေးတစ်ဖက်ခြမ်းတွင် သစ်ပင်ကြီးများကအုပ်အုပ်စိုင်းစိုင်းဖြစ်နေကာ ကောင်းကင်ကြီးနဲ့တောင်တန်းကြီးတွေဟာလည်းပနံသင့်လှသည်။တောင်ပေါ်အလှတရားဟာဤသို့ဤနှယ် ရင်သက်ရှုမောဖွယ်ကောင်းလှပါ၏။

လက်ပံပင်ကြီးအောက်ဝယ်ဖိနပ်လေးခုလို့ထိုင်နေရင်း ဘာရယ်မဟုတ် ငယ်ငယ်တုန်းကကိုကို့ကိုပြောခဲ့ဖူးတဲ့စကားလေးကိုပြန်အမှတ်ရမိ၏။

*အစိမ်းရောင်တောင်တန်းကြီးတွေကအပြာရောင်ကောင်းကင်ပြင်ကြီးနဲ့ပေါင်းစပ်လိုက်မှသဘာဝအလှတရားတစ်ခုလိုရင်သပ်ရှုမောစရာကောင်းတာ*

ကိုကိုသိလား...စောလွန်းသက်လယ်ဆိုတဲ့ကျွန်တော်ဟာလည်းပဲ ရာဇခက်ထန်ဆိုတဲ့ကိုကိုနဲ့ပေါင်းစပ်မှ ပျော်ရွှင်ရခြင်းဆိုတဲ့အလှတရားတစ်မျိုးကိုပိုင်ဆိုင်နိုင်တယ်ဆိုတာ...

ကိုကိုသိမှသိပါရဲ့လားလေ...

အနည်းငယ်ရိပ်မိတယ်ဆိုရင်ပဲပြန်လာသင့်ဖို့ကောင်းပါရဲ့ကိုကိုရယ်။တစ်နှစ်ကျော်ဆိုတဲ့အချိန်ကာလကအခြားသူတွေအတွက်မဖြစ်စလောက်လေးဆိုပေမယ့် လွမ်းနာကျနေရသူတွေအတွက်ကတော့ကမ္ဘာတစ်သိန်းလောက်ကိုကြာတယ်မဟုတ်လား။

ခဏတာလေးပဲချစ်ခွင့်ရခဲ့ပြီး အချိန်အကြာကြီးခွဲနေရတဲ့အခါ နုနယ်တဲ့နှလုံးသားလေးကခံနိုင်ရည်စွမ်းအားမရှိပါ။အလွမ်းတွေကိုထွေးပိုက်လို့အားတင်းပြီးရင်းအားတင်းနေရတာကြောင့် ယဲ့ယဲ့လေးသာရှိတော့သည့်နှလုံးသားကလည်းတစ်ဆစ်ဆစ်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now