အပိုင်း(၂၉)

9.9K 940 171
                                    

လက်နှစ်ဖက်နောက်ပစ်လို့ သဘာဝထက်လှပသည့်မြင်ကွင်းလေးကို ရာဇမျက်တောင်မခတ်တမ်းငေးကြည့်နေမိသည်။တကယ်ပါဗျာ...ကြိမ်လုံးလေးကိုင်လို့ကလေးတွေစာကုန်းရေးနေတာကိုလိုက်ကြည့်နေသည့် သက်လယ်ကကျက်သရေရှိလွန်းလှသည်။ကျောင်းဆရာလေးဆိုတာသိပေမဲ့ အခုလိုကျောင်းဆရာပုံစံလေးကိုမြင်ခွင့်ရတော့ ရင်ထဲအတိုင်းမသိကြည်နူးရတာပေါ့။

ကျုပ်ကံကလွှတ်ကောင်းလို့ပြောရမလား သက်လယ်သင်ပေးနေတဲ့ကလေးတွေကလည်းကိုယ်မွေးစားထားတဲ့ကလေးငယ်တွေ။

ဟိုးရက်က ကလေးတွေဆီကိုသက်လယ်ဘာကြောင့်လာသလဲမှတ်တယ် သူပူဆာချင်တာရှိနေလို့ပါတဲ့လေ။'ကျွန်တော်သူတို့လေးတွေကိုစာသင်ပေးချင်တယ်'ဆိုသည့်စကားပြောပြီးကိုယ့်ကိုခွင့်တောင်းသော မျက်လုံးရွှဲလေးတွေနှင့်ကြည့်နေရမည့်အစား ခပ်စူးစူးတစ်ချက်စိုက်ကြည့်ပုံအရ ခွင့်ပြုကိုပြုရမယ်ဟုရာဇသံပေးနေသည့်အလား။

'ဒေါင်းလုံရွာကကလေးတွေလည်းသူ့ကိုလိုအပ်မှာသိပေမဲ့ သူတို့ကအစားထိုးဆရာလာရင်အဆင်ပြေသွားမှာပါ ဒါပေမဲ့...ဒီကလေးတွေကတော့ တောထဲမယ်စာသင်ပေးမဲ့ဆရာမရှိဘူးလေ ကျွန်တော်သူတို့ရဲ့ဆရာလေးဖြစ်ချင်တယ်'ဆိုသော စကားရှည်ကြီးနောက်မှာ ရာဇ သက်လယ်၏မွန်မြတ်သောစိတ်ထားလေးကိုမလေးစားဘဲမနေနိုင်ခဲ့။

ကလေးတွေကလည်းစာသင်ရမယ်ဆိုတော့ပြုံးလို့ပျော်လို့ပေါ့။ထခုန်သူတွေတောင်ရှိသေး။အပြစ်ကင်းသည့်ကလေးလေးတွေ၏ပကာသနမပါသောပျော်ရွှင်ခြင်းကို  ရာဇနှင့်သက်လယ်ပီတိတွေဖြာရင်းကြည့်ခဲ့ရပါသေးသည်။

ပကာသနမပါသောမေတ္တာတွေကြောင့်  ပကာသနမပါသောပျော်ရွှင်မှုလေးတွေဖြစ်ပေါ်လာသည့်အခါ ဖြူစင်သည့်နှလုံးသားတို့သည်လည်းပေါက်ဖွားလာသည်တဲ့။ထိုဖြူစင်သည့်နှလုံးသားလေးတွေထဲ သူတို့နှစ်ယောက်အနည်းငယ်နေရာရရင်ကိုကျေနပ်ပါပြီလေ။

အတွေးတွေဖြင့်ဝိုင်းအရှေ့မှာ ပြုံးပြုံးကြီးကြည့်နေမိတာ သက်လယ်သတိထားမိကာ ကြိမ်လုံးရမ်းပြလာမှ အသိဝင်လာတော့သည်။ပြောချင်တာက သူစာသင်နေတာကိုမနှောက်ယှက်ပါနဲ့ဆိုတာမျိုး။ဟက်ခနဲတစ်ချက်ရယ်လိုက်ကာ ခေါင်းပြန်ညိတ်ပြလိုက်ရင်း သက်လယ်သဘောကျ ထိုနေရာမှလှည့်ထွက်ခဲ့လိုက်သည်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now