အပိုင်း(၃၈)

7.7K 765 97
                                    

"အို... လှလိုက်တာ"

မျက်စိရှေ့မှာမြင်တွေ့နေရတဲ့အလှတရားတစ်ချို့ကစောလွန်းကိုပါးစပ်အဟောင်းသားဖြစ်သွားစေသည်။ကြာပန်းတွေဖူးပွင့်နေတဲ့လူလုပ်ရေကန်လေးနဲ့အတူ အနီးနားပတ်လည်မှာဝန်းရံထားတဲ့ခရေပင်တစ်ချို့။တစ်ဖန် ရေကန်လေး၏ရှေ့တွင်နေရာယူထားသည့်အဖြူရောင်ခုံတန်းလေးတစ်ခုကလည်း ဤကဲ့သို့နေရာတွင်အပန်းဖြေရန်ပနံသင့်လှသည်။

သဘာဝတောင်တန်းအလှတွေနဲ့သာကြီးပြင်းခဲ့ရတဲ့စောလွန်းအဖို့ ဤသို့လူလုပ်ရှုခင်းမျိုးသည် နတ်ပြည်ကနတ်ဥယျာဥ်တော်တစ်ခုကိုရောက်ရှိသွားသကဲ့သို့ ဆန်းသစ်စွာပျော်ရွှင်ဖွယ်အတိပင်။

"ကိုကို"

ကျေးဇူးတင်သည့်အကြည့်မျိုးဖြင့် ဘေးတွင်ငြိမ်သက်စွာရပ်နေသည့်ကိုကို့ကိုကြည့်လိုက်တော့ နူးနူးညံ့ညံ့ပြန်ပြုံးပြလာပုံမှာ စောလွန်းအတွက်ဘာပဲလုပ်ပေးရလုပ်ပေးရဆိုသည့်သဘောမျိုး။

"သဘောကျရဲ့လား သက်လယ်"

"အွန်း သိပ်လှတယ် ကြာပန်းတွေရော ပြီးတော့ ခရေပင်တွေကလည်းမွှေးနေရောပဲ"

"ခင်ဗျားလေးသဘောကျတယ်ဆိုရင်ကျေနပ်ပါရဲ့ဗျာ"

"ဒါနဲ့ ကိုကို ခရေပင်တွေကအရင်တည်းကသည်ခြံအနောက်မယ်စိုက်ထားတာလား"

"ဘယ်ဟုတ်ပါ့မလဲ ကိုယ်ပိုက်ဆံပေးပြီးလုပ်ထားတာ"

"ဟင် ဘယ်လိုမျိုးလဲဗျ"

"သြော် သည်လိုလေသက်လယ်ရဲ့။အခြားနေရာမှာရှိတဲ့ခရေပင်တွေကိုအမြစ်ပါအောင်ဆွဲနှုတ်ပြီးတော့ ခြံအနောက်ဘက်မယ်မြေတူးပြီးပြန်စိုက်ထားတာ"

"အာ အရမ်းပင်ပန်းကြမှာပဲနော်"

"သက်လယ်လေးသဘောကျမြတ်နိုးတဲ့အပင်ပဲ ကိုယ်ကပါရမီဖြည့်ပေးရမပေါ့ဗျာ"

ပြောရင်းနဲ့စောလွန်းကိုလက်ကိုဆွဲရင်းသူ့ရင်ခွင်ထဲထည့်လိုက်သည့်ကိုကို။ထို့နောက် စောလွန်း၏နောက်ဘက်မှနေ သိုင်းဖက်ရင်း မျက်စိရှေ့ကကြာကန်ရဲ့အလှကိုငေးမောနေပြန်သည်။

"ဟုတ်ပါပြီတဲ့ ပါရမီဖြည့်ဖက်ကြီးရယ်"

ကိုကို့ရင်ခွင်ကိုမှီတွယ်လိုက်ရင်းညူညူစူစူပြန်ပြောလိုက်ပြီးနောက် မတိုင်ပင်ပါဘဲနှစ်ယောက်သားပြိုင်တူပြုံးမိကြသည်။အဲ့လိုပါပဲ ချစ်ရသူနဲ့အတူရှိနေရတဲ့နေ့ရက်တိုင်းက ပျော်ရွှင်မှုနဲ့တတ်ကြွလန်းဆန်းမှုအပြည့်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now