အပိုင်း(၂၅)

9.6K 1K 148
                                    

ညအချိန် ပုစဉ်းရင်ကွဲသံတချို့ကဆူညံစွာထွက်ပေါ်နေလျက်ရှိသည်။ထိန်ထိန်သာနေသည့်လရောင်၏ဖြာကျမှုအောက်ဝယ်ရှိနေသောတဲလေးတစ်ခုတွင်တော့ ခပ်ထွားထွားကိုယ်နှင့် ခန့်ညားသည့်လူတစ်ယောက်ဟာ မျက်ဝန်းအစုံကိုဖိပိတ်လို့ငြိမ်းချမ်းစွာအိပ်စက်လို့နေသည်။

စိုစွတ်နေဆဲမျက်ထောင်ဖျားတွေနှင့် ရေကွက်လိုအကွက်လိုက်ကလေးဖြစ်နေသည့်ခေါင်းအုံကိုကြည့်ခြင်းဖြင့် ငိုနေရင်းအိပ်ပျော်သွားသည်မှာသိသာစွာ။

အိပ်စက်ခြင်းကသာ သူ့အတွက်နာကျင်မှုတွေမှ လွတ်မြောက်ရာဖြစ်ပုံပင်။

ငြိမ်သက်အိပ်စက်နေရင်းမှ ကော့ညွှတ်လာသည့်နှုတ်ခမ်းလေးတွေ...အိပ်မက်မက်နေခြင်းပေလား။

အဘယ်လောက်လှပသည့်အိပ်မက်ကိုမက်နေလို့ သင်ဟာဤ‌မျှပြုံးနေရပါသလဲ အိပ်မက်ရှင်ရယ်....

.
.

"ကိုကို ဟိုအလုံးခူး ဟိုအလုံးပိုကြီးတယ်"

ရာဇရောက်ရှိနေသည့်နေရာထက်အနည်းငယ်မြင့်သည့်နေရာတွင်ရှိနေသည့် သရက်သီးကိုလက်ညှိုးထိုးရင်း မြေပြင်ပေါ်ကနေခုန်ဆွခုန်ဆွနှင့်ပြောနေသည့်ပိစိ။လက်ထဲမှာလည်း သရက်သီးဖမ်းဖို့ပုဆိုးစုတ်လေးကအဆင်သင့်။

"ဟုတ်ပြီ ခူးပေးမယ်"

ကလေးတစ်ယောက်ကိုအလိုလိုက်သလိုမျိုး ရာဇပြောပြီး သစ်ကိုင်းခွကြားမှာထိုင်နေရာမှအနည်းငယ်ကြွလိုက်သည်။ပိုမြင့်သည့်သစ်ကိုင်းဆီသူကူးပြောင်းရမည်မဟုတ်လား။

"ပိစိလေး မင်းရော သရက်သီးခူးတတ်အောင်လေ့ကျင့်ဖို့အစီအစဥ်မရှိဘူးလား"

"မရှိပါဘူး"

"ဘာလို့လဲ"

"ကိုကို့ကိုပဲခူးခိုင်းမလို့လေ"

ပိစိ၏စကားကြောင့် သစ်ပင်တတ်နေသည့်ရာဇ မြေပြင်ပေါ်ကကလေးပေါက်စကိုငုံ့ကြည့်မိသည်။မျက်ခုံးလေးပင့်ကာပင့်ကာလုပ်နေသည့်အမူအရာနှင့်မျက်နှာပေးလေးက ကိုယ့်ကိုအမြဲခိုင်းစားချင်နေသည့်ဟန်။

"ဟင် ကိုကိုကအမြဲခူးပေးမယ်မဟုတ်လား"

"ဒါပေါ့ ခူးပေးမှာပေါ့"

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now