Chapter -13
7.7K 1.2K 12
Zawgyi
အိမ်ရှေ့စံမင်းသားအိုလီဘာဟာလည်း မျက်နှာအမူအရာပျက်သွားတော့သည်၊သူဟာ ရိုစဲဆလက်အမတ်ကြီးရဲ့အိမ်တော်ကို မျက်နှာသာပေးချင်ပေမယ့် ဂျော့ဖရေးရဲ့လုပ်ရပ်ဟာ သူ့ကိုအရှက်ရစေခဲ့သည်၊ဂျော့ဖရေးရဲ့မိခင်နောက်ခံဟာ တောင့်တင်းလွန်းအားကြီးသည်၊အင်ပါယာပင် ဘာမှမလုပ်နိုင်ပဲ လွှတ်ထားရခြင်းဖြစ်သည်၊အိုလီဘာ အင်ပါယာတစ်ပါးဖြစ်ခဲ့ရင်တောင် ရက်စ်ထရစ်အိမ်တော်ရဲ့အာဏာကို ပြန်ခုခံနိုင်ဖို့ တော်တော်အချိန်ယူရမည်၊
ထူးဆန်းတဲ့လေထုကြားမှာ အကုန်လုံးမှာ ဘာလုပ်ရဘာကိုင်ရမှန်းဖြစ်နေချိန်မှာ ဂျော့ဖရေးကတော့ ဂရုမစိုက်သည့်အပြုအမူဖြင့် ဒန်နာရီကို ခေါ်ဆောင်သွားတော့သည်၊ငါးနှစ်အရွယ်ကလေးလေးကို ဆယ်နှစ်အရွယ်ကောင်လေးဟာ ချစ်ခင်စွာပြုမူနေသည့်မြင်ကွင်းဟာ ကြည့်ရှုဖွယ်ကောင်းသော်လည်း အိမ်ရှေ့စံမင်းသား​နောက်ကိုသာ လိုက်ရန် စဉ်းစားထားသည့်အမတ်ကြီးချာမက်လက်ကိုတော့ အခက်တွေ့စေခဲ့သည်၊
ဂျော့ဖရေးဟာ ဒန်နာရီကို ရိုစဲဆလက်အိမ်တော်ရဲ့ဥယာဉ်ထဲကို ခေါ်ဆောင်သွားပြီး ခုံတန်း​ပေါ် ထိုင်ခိုင်းလိုက်သည်၊
"ထိခိုက်သွားတာ ရှိလား "
ဒန်နာရီဟာ အမှတ်တမဲ့ခေါင်းကို ခါမိလိုက်ပြီးနောက်မှာ သူရဲ့အပြုအမူဟာ ရိုင်းသွားမှန်းသတိထားမိသွားပြီး ဂျော့ဖရေးကို တောင်းပန်စကားဆိုလိုက်သည်၊
"တောင်းပန်ပါတယ် ကိုကို၊"
"ကိုကိုနဲ့ရှိနေချိန်မှာ သက်တောင့်သက်သာနေပါ ဒန်နာရီ"ဂျော့ဖရေးဟာ ပြုံးရင်းပြောလိုက်သည်၊ဂျော့ဖရေးရဲ့ရွှေရောင်မျက်ဝန်းများဟာ လရောင်အောက်မှာ တောက်ပနေပြီး ရွှေရောင်ဆံပင်များဟာလည်း လင်းလက်တောက်ပနေသည်၊ဂျော့ဖရေးဟာ ဆယ်နှစ်သာရှိသော်လည်း ချောမောကာ ကြည့်ကောင်းလှသည်၊ကြီးပြင်းလာသည့်ချိန်မှာ ပျိုမေတွေဝိုင်းဝန်းနေမှာ သေချာလှသည်၊
"ကိုကို ဒန်နာရီကို ဒန်လို့ခေါ်လို့ရလားဟင်" တောင်းဆိုလာတဲ့မျက်လုံးများဟာ ခွေးပေါက်ကြီးလိုပင်၊ထိုလှပတဲ့မျက်ဝန်းတစ်စုံကို ဒန်နာရီဘယ်လိုလုပ် ငြင်းရက်မည်လဲ၊