Chapter -16
8.2K 1.2K 26
Zawgyi
ဒန်နာရီတစ်ယောက် လေးလံနေသည့်မျက်လုံးများကို ဖြေးညှင်းစွာဖွင့်လိုက်ပြီးနောက်မှာ သူဟာ သန့်ရှင်းသပ်ရပ်စွာပြင်ဆင်ထားသည့်အခန်းကြီးထဲရောက်နေသည်ကို သတိထားမိလိုက်သည်၊ထိုနောက်မှာတော့ ဒန်နာရီဟာ ဖြေးညှင်းစွာထလိုက်ပေမယ့်
"သခင်လေး..." အန်နာရဲ့အသံကို ကြားလိုက်ရတော့သည်၊ထိုနောက် အန်နာဟာ သူ့ကိုဖက်လာတော့သည်၊အန်နာ ငိုနေသည်ကို အန်နာရီသိလိုက်ရပြီး သူလည်း အနည်းငယ်စိတ်မကောင်းဖြစ်သွားတော့သည်၊ဘာတွေဖြစ်ပျက်သွားလဲ သူမသိပေမယ့် ကိစ္စကြီးကြီးတစ်ခုတော့ ဖြစ်ပျက်သွားတာ သေချာသည်၊အန်နာဟာ ငိုလို့ဝသွားပြီးနောက်မှာ သူမရဲ့သခင်လေးကို သနားကြင်နာစွာကြည့်လာတော့သည်၊ဒီကိစ္စနဲ့ပတ်သတ်ပြီး သူမ ဆက်ရပ်ကြည့်မနေနိုင်တော့ပင် သထိုလူကို သူမဆက်သွယ်သင့်နေပြီပဲ၊
မဟုတ်ရင် ဒန်နာရီဟာ ဒီနေ့လို အန္တရာယ်တွင်းထဲ ထပ်မံကျရောက်လိမ့်မည်၊
"အန်နာ..."
"သခင်လေး စိတ်မပူနဲ့ ပထမသခင်လေးက သခင်လေးပျောက်ဆုံးသွားတဲ့ချိန်မှာ စိုးရိမ်ပူပန်သောတရောက်ခဲ့ပြီး သခင်လေးမပျောက်ခင် ငါးနာရီအလိုက ကလီနာရဲ့အစေခံခေါ်ဆောင်သွားတာကို တစ်ချို့အစေခံမိန်းမပျိုတွေက မြင်ကြောင်းသက်သေပြလာတယ်လေ"
"အမတ်ကတော်ကလီနာကိုလည်း ပထမသခင်လေးက အမတ်ကြီးဆီ သွားပြောနေပြီ သူတို့တွေအားလုံး ပြစ်ဒဏ်ပေးခံရမှာ သေချာတယ်"အန်နာဟာ ဒန်နာရီကိုကြည့်ရင်း တောက်ပစွာပြုံးရင်း ပြောလာပေမယ့် ဒန်နာရီကတော့ မည်သည့်ခံစားချက်မှ မပေါ်လာပေ၊
'အခွင့်အရေးပေးသင့်လား' ဒန်နာရီဟာ စိတ်ထဲကနေ ပြောလိုက်မိပေမယ့် မသေချာမရေရာပင်၊သူ့အ​ဖေကို ထပ်မံမျှော်လင့်ချက်ထားချင်သေးတယ်၊
*လူငယ်လေး မင်းက အတိတ်ကလူမှမဟုတ်တော့တာ... အရင်လိုမဟုတ်တော့ပဲ မင်းကိုယ်တိုင်ကြောင့် ကံကြမ္မာတွေက ပြောင်းလဲကုန်ပြီ*
ဇီနိုပြောတာ မှန်သည်၊အရင်က သူ့အစ်ကိုဆိုရက်စ်ရဲ့ကယ်တင်ခြင်းကို မခံရပေမယ့် အခုတစ်ခေါက်ကတော့ ပြောင်းလဲသွားခဲ့ပြီ၊သူမျှော်လင့်လို့ရသေးလား၊ဒန်နာရီစိတ်ကို ပိုင်းဖြတ်လိုက်ပြီး သူ့ဖခင်ကို အခွင့်အရေးထပ်မံပေးရန် ဆုံးဖြတ်လိုက်တော့သည်၊