Zawgyi
ဒန်နာရီ နိုးလာတဲ့ချိန်မှာ လင်းထိန်တောက်ပစွာပြင်ဆင်ပြီးပြီး ပရိဘောဂအစုံအလင်ရှိတဲ့အိပ်ခန်းကျယ်ကြီးထဲ ရောက်နေတာကို တွေ့လိုက်ရတော့သည်၊သူဟာ King sizeမွေ့ယာပေါ်ကနေ ထလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်၊
"ဘယ်ရောက်နေတာလဲ" ဒန်နာရီဟာ အသံတိုးတိုးလေးပြောလိုက်ပြီး ပြတင်းပေါက်ကနေ အပြင်ဘက်ကိုကြည့်လိုက်တော့လဲ မှောင်ရီပျိုးနေပြီဖြစ်သည်၊
*ဒီအခန်းက မင်းရဲ့အခန်းပဲလေ ရေးလ်ကိုတော့ သူတို့ဟာ မင်းနဲ့နီးတဲ့အခန်းထဲမှာ သိပ်ထားတယ်ကြားတယ်*ဇီနိုဟာ ပျင်းရိပျင်းတွဲတဲ့အသံနဲ့ပြောနေတော့သည်၊ဒါကို ဒန်နာရီဟာလည်း သတိထားမိသွားကာ
"ဇီနီု ကြည့်ရတာ ပင်ပန်းနေတာလား"
*အင်း ဒီအိမ်တော်ထဲရောက်တာနဲ့ တစ်ယောက်ယောက်က ငါ့ကို ထိန်းချုပ်ချင်နေသလိုပဲ ဒါပေမယ့် အန္တရာယ်မပေးတာကြောင့် တမင်လစ်လျူရှုထားလိုက်တယ်*ဇီနိုဟာ ထိုစကားကို ပြောပြီးနောက်မှာ ဘာမှ ဆက်မပြောလာတော့ပေ၊ဒန်နာရီမေးမြန်းနေပေမယ့် အကြောင်းပြန်မကြားလာတာကြောင့် သူလက်လျော့လိုက်တော့သည်၊
"သခင်လေးနိုးနေပြီပဲ" နီညိုရောင်ဆံပင်၊ချစ်စရာကောင်းတဲ့အစေခံဝတ်စုံဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ဟာ အခန်းထဲဝင်လာပြီး ဒန်နာရီကိုမြင်တော့ ရိုသေစွာပြောလာတော့သည်၊
ထိုအစေခံမိန်းမပျိုကို ဒန်နာရီကြည့်လိုက်ပြီးနောက်မှာ
"ကျွန်တော် ဘယ်ရောက်နေတာလဲ" လို့မေးလိုက်တော့ ထိုအစေခံမိန်းမပျိုဟာ ရိုသေစွာပြန်ဖြေလာတော့သည်၊
"သခင်ကြီးမက်စ်ရဲ့အိမ်တော်မှာပါရှင့်"
သခင်ကြီးမက်စ်ဆိုတာ မြို့စားမင်းမက်စ်ကိုပြောတာလား၊ဘာကြောင့် ငါက သူ့အိမ်တော်ဆီရောက်နေရတာလဲ၊အစေခံကို မေးမြန်းကြည့်သော်လည်း အကြောင်းအရာကို ရေရေရာရာမပြောလာချေ၊နောက်တစ်ခုဟာ အရင်အတိတ်ဘဝနဲ့မတူစွာ ဒီကလူတွေဟာ သူ့ကိုကောင်းမွန်စွာဆက်ဆံကျပြီး အထင်သေးကျခြင်းလည်းမရှိပေ၊ဒါနောက်ကွယ်မှာ မြို့စားမင်းမက်စ်ကြောင့်ဆိုတာ ဒန်နာရီ သိသည်၊
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...