Intro

4.2K 179 16
                                    

Unicode

နာမည်-ဇင်ယော်သွန်း
အသက်-24
အရပ်-6ပေ
သူငယ်ချင်းနဲ့တိုက်ခန်းငှားကာအတူနေကြ
ပြီးဘဝကိုရိုးရှင်းစွာဖြတ်သန်းနေသူ၊
တစ်ကောင်ကြွက်ချင်းလည်းတူတယ်၊
မိဘမဲ့ချင်းလည်းတူနေတဲ့သူငယ်ချင်းတစ်ယောက်သာပေါင်းသည်။ညီအစ်မအရင်းတွေထက်တောင်သံယောဇဉ်ကြီးကြသေးသည်၊Companyတစ်ခုမှာအတွင်းရေမှူးရာထူးကိုရထားပြီးဘဝကိုလွပ်လပ်ပေါ့ပါးစွာဖြတ်သန်းနေခဲ့သည်၊ဒါပေမဲ့အရွယ်ရောက်လာထဲကနေ့တိုင်းမက်နေခဲ့တဲ့အိမ်မက်ကထူးခြားဆန်းကျယ်တာအမှန်၊ထိုအဝါရောင်ပန်းခင်းကြီးထဲမှာပဲသွန်းနဲ့
မျက်နှာမရှိတဲ့ကောင်မလေးတစ်ယောက်ကိုအမြဲညတိုင်းလိုလိုအိမ်မက်‌ မက်နေခဲ့တာပင်၊
အဲ့ကောင်မလေးမျက်နှာမရှိတာလားမြင်ပဲမမြင်ရတာလား၊မြင်ရဲ့သားနဲ့မမှတ်မိတာလားတော့သွန်းမသိပါ။..

-မင်းဘယ်သူလဲ...ဘာလို့ငါ့အိမ်မက်ထဲမှာ
မင်းကိုအမြဲမက်နေရတာလဲ..အတိတ်ဆိုတာ
ကြီးတော့လုံးဝအယုံအကြည်မရှိဘူး၊မင်း
ဘယ်သူပဲဖြစ်ဖြစ်တိုက်ဆိုင်တဲ့အိမ်မက်လို့ပဲယုံကြည်ထားတယ်-..*ဇင်ယော်သွန်း*

နာမည်-ဆည်းဆာရောင်ခြည်
အသက်-23
အရပ်-5ပေ8
အပေါင်းအသင်းနည်းပြီးငယ်ငယ်ထဲကသူငယ်ချင်းလေးနှစ်ယောက်သာရှိပြီး
ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်
ယောက်သာပေါင်းသည်၊ရောင်ခြည်နဲ့ဆိုရင်တော့
သုံးယောက်ပေါ့၊မိဘတွေကချမ်းသာတဲ့
Companyပိုင်ရှင်သူဌေးမို့ရောင်ခြည်ဟာလည်း
တစ်ဦးတည်းသောသမီးပီသစွာချောမောလှပ
လွန်းသည်၊မွေးရာပါထူးခြားချက်ရှိပြီးထိုထူးခြား
ချက်ကပဲအံ့အားသင့်စရာကောင်းလှသည်၊မြင်တဲ့သူတိုင်းလည်ပင်းလိမ်သည်အထိကြည့်ရလောက်အောင်ထူးခြားလွန်းသည်။

-ပျော်ပျော်ပဲနေတက်တယ်..ဒါပေမဲ့အဲ့ဒီမွေးရာပါ
ထူးခြားတဲ့အရာကအရင်ဘဝနဲ့သက်ဆိုင်နေ
မလား..မဖြစ်နိုင်တဲ့အရာဆိုပေမဲ့ဒီလိုထူးခြားမှု
မျိုးကတော့သာမန်ကိစ္စတစ်ခုလိုကျော်သွားလို့
မရဘူးလေ-..*ဆည်းဆာရောင်ခြည်*

နာမည်-ထားလက်ပန်(လက်ပံမဟုတ်ပါ)
အသက်-24
အရပ်-5ပေ11(ဇင်ယော်သွန်းရဲ့သူငယ်ချင်း)
ထားလက်ပန်ကအပြင်ပိုင်းကြည့်ရင်အေးချမ်း
တယ်ထင်ရပေမဲ့သူမစိတ်ကနားလည်ရခက်တဲ့
အမျိုး၊မာနကြီးတယ်ထင်ရပေမဲ့တစ်ကယ်တော့
လူမှုဆက်ဆံရေးမကောင်းတာပင်၊မှန်တယ်ထင်
ရင်ဘယ်သူ့ကိုမှဂရုမစိုက်တာကြောင့်ပြဿနာ
တွေမနည်း၊သွန်းCompanyသွားရင်အိမ်မှာသာ
ထမင်းဟင်းချက်ပြီးနေခဲ့ကာအပြင်လောကနဲ့
မသက်ဆိုင်သလို၊မိဘတွေမရှိတာချင်းတူတဲ့
ဇင်ယော်သွန်းနဲ့သူငယ်ချင်းအရင်းတွေဖြစ်လာ
ကြတာသံယောဇဉ်ကအုတ်မြစ်တွယ်သလို
ခိုင်ခိုင်မြဲလျက်ရှိသည်။

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now