Part.43

1.1K 104 7
                                    

Unicode

ခြံထဲမှာနှစ်ယောက်သားတခစ်ခစ်နဲ့ဘာတွေ
သဘောကျနေလည်းတော့မသိပါ၊မနေ့ညကမှ
သမီး၄နှစ်ပြည့်မွေးနေ့ကိုပြုလုပ်ထားပင်၊အဖိုး
အဖွားတွေနဲ့သူ့အဒေါ်တွေဦးလေးတွေနဲ့မို့သမီး
ကတော်တော်လေးပျော်နေခဲ့တာပင်၊ဆည်းဆာ
လာတာကိုတောင်သတိမထားမိပဲနှစ်ယောက်ထဲ
တိုးတိုး.တိုးတိုးနဲ့ဘာတွေပြောနေကြလည်းမသိ၊
သမီးဖြစ်သူကလည်းတခစ်ခစ်နဲ့၊သူ့Mommy
ကလည်းစကားတွေကိုမရပ်မနားပြောပြနေတာ၊
'မမ'ဘယ်တုန်းကအဲ့လောက်စကားများသွား
တာပါလိမ့်၊သစ်ပင်အရိပ်အောက်မှာဖျာအနုစိတ်
လေးခင်းပေးထားတာကြောင့်သားအမိ
နှစ်ယောက်ထိုင်လိုက်အိပ်လိုက်နဲ့ဇိမ်ယူနေလေ
သည်။

"ဘာတွေပြောပြီးရယ်နေကြတာလဲ"

"မာညီ..မေမေ့ကိုကျောကြနဲ့နော်"

ဆည်းဆာအမေးစကားကိုသမီးကသွန်းဘက်
လှည့်ကာမပြောပြဖို့မဲဆွယ်တာကြောင့်ခေါင်း
ကိုအသာငြိမ့်ပြလိုက်သည်၊အဲ့ဒါကိုပင်ဆည်းဆာ
ကဒေါသထွက်နေလေပြီ၊ကိုယ်တစ်ယောက်ထဲ
မပြောပြပဲသူတို့ကတော့တိုးတိုးတွတ်တွတ်နဲ့
ရယ်နေကြသည်လေ၊စိတ်အခြေအနေမကောင်း
တာနဲ့နှုတ်ခမ်းကစူချင်လာပြီမို့'မမ'ကပြီးမှပြော
ပြမယ်ဆိုတဲ့သဘောနဲ့လက်ကိုလာကိုင်တာ
ကြောင့်စူပုတ်ပုတ်နဲ့ခေါင်းသာငြိမ့်ပြလိုက်သည်၊
နွေလဝန်းငယ်တို့ကတော့ကတိသစ္စာကြီးတဲ့
Mommyကြီးကိုရထားတာပင်၊အခုတော့မပြော
နဲ့ဆိုတဲ့အရာကိုသူ့ပူတူးအတွက်ထုတ်ဖော်ပြော
လေတော့မည်။

"ရော့..အသီးဖျော်ရည်"

သမီးဖြစ်သူလက်ထဲကိုစတော်ဘယ်ရီဖျော်ရည်
ထည့်ပေးလိုက်ပြီးသွန်းကိုတော့ထောပတ်သီး ဖျော်ရည်ပေးလေသည်၊

"ပူတူးရောမသောက်ဘူးလား"

"သောက်ခဲ့ပြီ..'မမ'တို့ပဲသောက်တော့"

သွန်းကခေါင်းကိုငြိမ့်ပြကာထိုင်နေတဲ့ဆည်းဆာ
ပေါင်ပေါ်ခေါင်းတင်ကာလှဲအိပ်လိုက်လေသည်၊
ထိုအပြုအမူကြောင့်ဆည်းဆာမျက်ခုံးတန်းလေး
တွေကချက်ချင်းကျုံ့သွားလေသည်။

"မမ'အိပ်ပြီးမသောက်နဲ့လေတစ်ခုခုဖြစ်တက်
တယ်"

သွန်းကအေးဆေးဆိုတဲ့သဘောဖြင့်မျက်စိမှိတ်
ကာအအေးသောက်နေတာမို့ဆည်းဆာသက်ပြင်း
ကိုသာချမိတော့သည်။

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now