Part.41

1.2K 110 0
                                    

Unicode

"မေ့..မာညီကနယ့်ကိုအနိုင်ကျင့်ယယ်..ဟင့်"

ခြံထဲဆော့နေရာကနေမီးဖိုချောင်ထဲပြေးဝင်
လာတဲ့သမီးကြောင့်ဆည်းဆာပြန်လှည့်ကြည့်
လိုက်တော့အနက်‌ရောင်ဆံပင်ဂုတ်ဝဲလေးနဲ့
၃နှစ်ခွဲသမီးလေးကစူပုတ်ပုတ်၊စကားမပီသေး
တာကြောင့်သွန်းကိုခေါ်ရင်မာမီလို့ပီအောင်
မပြောတက်ပဲ'မာညီ'လို့အသံထွက်တက်သည်၊

"ပြောပါအုံး..မေမေ့ငယ်လေးကိုဘာလုပ်လိုက်
လည်းဆိုတာ"

"ဟင့်..မာညီကနယ့်ကိုထွေးရူးလုပ်ခိုင်းယယ်"

"ခွေးရူးလုပ်ခိုင်းတာဆိုတော့သမီးရှုံးလို့ပေါ့"

"ဟင့်အင်း..ရှုံးဝူး..နယ်ရှုံးဝူး..မာညီကနယ့်ကို
အငြန်ကြီးဖမ်းရာ"

"အမြန်ကြီးဖမ်းတော့သမီးကမြန်မြန်ပြေးပေါ့"

ဆည်းဆာကသွန်းဘက်ကနေလိုက်ပြောနေ
တော့သမီးမျက်နှာပိုပြီးစူပုတ်သွားကာ
သူ့အဘိုးနဲ့အဘွားအခန်းဘက်ကိုပြေးသွားပြီး
ဆည်းဆာကိုအော်သွားသေးသည်'ဖိုးဖိုးနဲ့
မေမေ့ကိုတိုင်‌ကျောယယ်တဲ့လေ"

သမီးကသူ့ကိုယ်သူ'ငယ်'လို့သုံးတက်ပြီး
အသက်မရွယ်နဲ့မလိုက်အောင်တီတီတာတာပြော
တက်တာကြောင့်အိမ်ရဲ့အချစ်ခံလေးပေ၊
မမ'ကလည်းကလေးကိုဘယ်လိုသွားစလည်း
မသိပေ၊နွေလဝန်းငယ်တို့အကြောင်းသိရက်နဲ့
သွားစတာအခုတော့ဟိုကကောက်သွားလေပြီ၊

"ရာရာ..ဖိုးဖိုး..မေမေနဲ့မာညီကနယ့်ကို
အနိုင်ကျင့်ယယ်"

"ဟုတ်လား..ငါ့မြေးကိုအနိုင်ကျင့်တဲ့ဟာတွေ
ဘယ်ရောက်ကုန်လည်းဟေ့"

‌ဦးမျိုးမာန်အသံကြားတော့ခြံထဲကနေသွန်းက
အလောတကြီးပြေးဝင်လာလေသည်၊အိမ်ထဲ
ရောက်တော့အဖိုးဖြစ်သူရဲ့လက်ကိုဆွဲကာ
ဂျစ်တစ်တစ်ပုံစံလေးလုပ်နေတဲ့သမီးကိုတွေ့
တာကြောင့်အခြေအနေအရပ်ရပ်ကိုနားလည်
လိုက်ပါသည်၊နောက်ဆုံးအဖိုးဖြစ်သူကလူမိုက်
ငှားခံလိုက်ရတာပင်။

"မြေးလေး..မြေးကိုဘယ်သူအနိုင်ကျင့်တာလဲ
အဖိုးကိုပြော"

"မာညီနဲ့မေမေ"

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now