Part.28

968 104 2
                                    

Unicode

အခုဆိုအချိန်တွေတစ်ဖြည်းဖြည်းကုန်လာလိုက်
တာဆည်းဆာတို့ရဲ့မင်္ဂလာပွဲကိုရောက်ဖို့
တစ်ပတ်ပဲလိုတော့သည်၊အကုန်အဆင်သင့်ဖြစ်
နေ‌ပြီလို့ပြောရမှာပေါ့၊ဖိတ်စာတွေကိုလည်း
‌အဖေ့မိတ်ဆွေတွေရောဆည်းဆာနဲ့တစ်ကျောင်း ထဲအတူတူတက်ခဲ့တဲ့သူငယ်ချင်းတွေကိုရော အကုန်ဖိတ်ထားသည်၊ဆည်းဆာလိုက်ဖိတ်တာ တော့မဟုတ်ခဲ့ပေ၊ဦးတည်နဲ့ရွယ်ဇင်သာအကုန် လိုက်ကူညီနေကြတာမို့အားနားမိပေမဲ့ဆည်းဆာ လိုက်မလုပ်ချင်ပါ၊ညနေကျရင်တော့အစ်မ လက်
ပန်နဲ့မင်္ဂလာဝတ်စုံသွားယူရမည်၊

မင်္ဂလာဖိတ်စာရတော့အဝါရောင်လေးကိုရွေး
ထားတာမို့အဖေတို့ကသဘောကျလေသည်၊
ထိုဖိတ်စာရတော့အဖေနဲ့အမေကိုကြည့်ခိုင်းပေမဲ့
အဖေနဲ့အမေကတော့မရိုက်ခင်ထဲကဖတ်ထား
တာကြောင့်ပြန်ဖတ်မနေတော့ပေ၊၊ဆည်းဆာ
ကတော့ထုံးစံအတိုင်းစိတ်မဝင်စားတာမို့ဘယ်
ဟာမှကိုင်မကြည့်၊အဲ့ဒါ‌ကိုမြင်တော့အစ်မလက်
ပန်ကမျက်နှာမကောင်းတာမြင်ပေမဲ့ဆည်းဆာ
လည်းသူများအတွက်လိုက်ကြည့်မပေးနိုင်ပါ၊

မင်္ဂလာဝတ်စုံကိုစီစဉ်တော့လည်းဆည်းဆာရဲ့
ကိုယ်အတိုင်းကိုသာပေးလိုက်ပြီးဘယ်ကိုမှလိုက်
မသွားခဲ့ပေ၊မင်္ဂလာဝတ်စုံကဘယ်လိုမျိုးလဲ
ဘာအရောင်ဆိုတာကအစဆည်း‌ဆာမသိပေ၊
သိအောင်မကြိုးစားခဲ့တာဆိုပိုမှန်လိမ့်မည်။

အစ်မလက်ပန်ကတော့ဟန်ဆောင်တောင်မပြုံး
နိုင်တော့ပေ၊ဆည်းဆာဘက်ကခါးခါးသီးသီး
ဖြစ်နေတော့သူလည်းနာကျင်နေတယ်ထင်ပါ့၊
ဒါကိုလည်းဆည်းဆာဂရုမစိုက်နိုင်ပါ၊ဒီမင်္ဂလာ
ဆောင်ကဆည်းဆာရဲ့မင်္ဂလာဆောင်လို့တောင်
ထင်ချင်စရာမရှိအောင်ငြိမ်နေခဲ့ပါသည်၊အရာရာ
ကိုလက်ပန်ကသာစီစဉ်နေလေသည်၊ဆည်းဆာ
ကချိုမှန်းလည်းမသိခါးမှန်းလည်းမသိအခန်းထဲ
ကနေအပြင်ကိုလုံးဝမထွက်ပဲတစ်ယောက်ထဲ
နေလေ့ရှိသည်၊အခုဆို
"ထားလက်ပန်နဲ့ဆည်းဆာရောင်ခြည်"တို့ရဲ့
မင်္ဂလာဖိတ်စာလေးကမြို့တစ်ခုလုံးပြန့်နှံ့နေလေ
တော့မည်၊ကဲ့ရဲ့မဲ့သူတွေရောပြောဆိုအပြစ်တင်
မဲ့သူတွေရောအခုချိန်လောက်ဆိုပါးစပ်ဖျားမှာ
သီးနေလောက်ကြရောပေါ့၊မိန်းမချင်းညားနေ
တယ်ဆိုပြီး..မကြာခင်အတုယောင်အပြုံးတွေနဲ့
မင်္ဂလာပွဲကိုလာရောက်ဂုဏ်ပြုကြပါ‌လိမ့်မည်၊

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now