Part.6

1K 130 0
                                    

Unicode

မနက်မိုးလင်းထဲကပြောထားတဲ့စကားတစ်ခွန်း
ကြောင့်ရောင်ခြည်ခြေချုပ်မိနေလေသည်၊ဘာတဲ့
အရေးကြီးဧည့်သည်လာမယ်တဲ့လေ၊အဲ့ဒီအဖေ
ကအဓိပ္ပါယ်မရှိတာတွေသိပ်လုပ်ချင်တာ၊
သူ့အလုပ်ကဧည့်သည်လာမှာကိုဘာလို့များ
ရောင်ခြည့်ကိုမပြင်မထွက်ခိုင်းပါသနည်း၊ကိုယ်နဲ့
လည်းဆိုင်တာမဟုတ်လို့ရောင်ခြည်ဘာမှမသိ
ချင်သလိုဘယ်သူနဲ့မှလည်းမတွေ့ချင်၊အခုလာမှာ
ဆိုတာလည်းအဖေ့အလုပ်ကမိတ်ဆွေဆိုတော့
သေချာပေါက်လူကြီးတွေပဲဖြစ်မှာ၊တစ်ကယ်ရူး
ချင်နေပြီအပြင်သွားမလို့ပါဆို။

ဆိုဖာပေါ်မှာပျင်းတိပျင်းရွဲ့ထိုင်နေတဲ့သမီးဖြစ်သူ
ကိုကြည့်ပြီးအဖေနဲ့အမေမှာသက်ပြင်းတစ်ချချ၊
ကောင်းကင်ပေါ်ကိုအမြဲပျံတက်နေတဲ့ငှက်တစ်
ကောင်ရဲ့တောင်ပံကိုရိုက်ချိုးလိုက်သလိုနေသား
မကျတဲ့ဘဝ။

"ရုပ်ကဖြစ်ပျက်မနေနဲ့သမီး"

"ဘာဖြစ်လို့လဲအမေရာ"

ဘာဖြစ်လို့လဲဆိုတဲ့မေးခွန်းကိုပြန်မေးလိုက်ပေမဲ့
မျက်နှာကရှစ်ခေါက်ချိုး၊တစ်ကယ်မလွယ်ဘူး
အိမ်ကိုတစ်ခါလောက်ကပ်တော့ဘယ်သူက
တရားစွဲမှာကျနေတာပဲ၊မနက်မိုးလင်းတာနဲ့မြို့ကို
တစ်ပက်ပက်ချင်နေတာ။

ရောင်ခြည့်ဘဝကိုကဆိုးတာပါ၊ဒီရက်ပိုင်းကျမှ
ကံကြမ္မာကလည်းဖြစ်ပျက်နေတယ်၊အကုန်အဆိုးတွေကြီးပဲ၊စားပွဲထိုးလုပ်တာအိမ်ကသိ
တယ်၊ဟော..‌အခုကျတော့အပြင်ထွက်မရပြန်ဘူး

ခဏကြာတော့အပြင်ကတံခါးခေါက်သံကြားတာ
ကြောင့်အဖေကအပြေးအလွှားသွားဖွင့်ပုံအရ
ဘယ်လောက်များအရေးကြီးလို့လဲ။

"ရောက်လာပြီလား"

"ဟုတ်ကဲ့CEO..ဘတ်စ်ကားတိုးနေရလို့သွန်းနည်း
နည်းနောက်ကျသွားတယ်"

"ရပါတယ်ကွယ်..လာအထဲဝင်"

"ဟုတ်ကဲ့"

သွန်းမနေ့ကအိမ်ပြန်ရောက်ပြီးတော့ထမင်းစား
ချင်စိတ်မရှိတာကြောင့်အိပ်မလို့ပြင်တုန်းသူမတို့
Companyရဲ့CEOကထမင်းစားဖိတ်တာကြောင့်
ဒီမနက်ထွက်ခဲ့တာပင်၊CEOကသဘောကောင်း
ပြီးဖော်ရွေတာမို့သွန်းလေးစားရတဲ့စံပြပုဂ္ဂိုလ်
တစ်ဦး၊

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now