Part.30

1.1K 116 0
                                    

Unicode

အရှေ့မှာရပ်နေတဲ့ဆည်းဆာနဲ့သွန်းကလက်ပန်
ကိုတရားခံဖမ်းသလိုလိုက်ကြည့်နေတာကြောင့်
လက်ပန်မှာရှက်ကိုးရှက်ကန်းဖြစ်လာရလေသည်

"ဘာ..ဘာကြည့်တာလဲ..ဖြတ်လုပ်လိုက်အုံးမယ်"

ရှက်ပြီးသွန်းကိုလာအော်နေတဲ့လက်ပန်ကိုကြည့်
ပြီးတဟားဟားအော်ရယ်မိတော့လက်ပန်မျက်နှာ
ကြီးကပိုပြီးမဲမှောင်လာလေတော့သည်၊

"ဒါဆို..ငါတို့ကိုကူညီပေးခဲ့တာပေါ့..ဟုတ်လား
လက်ပန်!..နင်အနစ်နာခံ"

"ဟေ့..ဟေ့ရပ်လိုက်တော့နော်..ငါအနစ်နာခံလိုက်
တာမဟုတ်ဘူး...ငါ့စိတ်ငါသိသွားတာ...အဲ့ဒါ ကြောင့်ငါချစ်တဲ့သူကိုငါရအောင်ယူတော့မှာ"

လက်ပန်စကားအဆုံးသွန်းမှာဘာဆက်ပြောရ
မလဲမသိတော့၊အဲ့ဒီလက်ပန်ဆိုတဲ့ဟာမက
တော်တော်နားလည်ရခက်တာပဲ၊

သွန်းတို့နားမလည်တာကိုလက်ပန်ကသိတာ
ကြောင့်

"ငါကနင့်လိုအတိတ်ဘဝကချစ်ရသူရောဒီဘဝက
ချစ်ရသူရောတစ်ယောက်ထဲမဟုတ်ဘူးသွန်း"

"ဟမ်!ဒါဆိုနင်ပူတူးကိုချစ်နေတာမဟုတ်ဖူးလား"

လက်ပန်တစ်ယောက်ထဲအကုန်လုံးကိုစီစဉ်ထား
ခဲ့တာပင်၊အဲ့ညကသေသေချာချာစဉ်းစားကြည့်
တော့လက်ပန်ဟာဆည်းဆာကိုချစ်မနေခဲ့ပါ၊
ရွယ်ဇင့်ရဲ့အမုန်းစကားကိုမကြားနိုင်ပေမဲ့
ဆည်းဆာရဲ့အမုန်းကိုတော့ဘယ်လိုမှတောင်မနေ
ခဲ့ပေ၊ထို့ကြောင့်နှလုံးသားအလိုကိုလိုက်မယ်လို့
ဆုံးဖြတ်ကာထိုနှစ်ယောက်ကိုလည်းအဆင်ပြေ
အောင်ကူညီပေးခဲ့တာပင်။

"အင်း..အစကအဲ့လိုထင်မိသွားတာအခုတော့
သေချာသိသွားပြီ..ငါ့ရင်ဘက်က'ပျို'နဲ့မှခုန်
တက်လာတာ..ငါကိုယ်တိုင်လည်းသိတာမကြာ
သေးပါဘူး..အခုတော့ရှင်းသွားပြီမလား
ငါလေပျိုဆီကမုန်းတယ်ဆိုတဲ့စကားကိုမခံစား
နိုင်တော့ဘူးသိလား"

လုပ်ပြနေတဲ့မျက်ခွက်ကဖြတ်ရိုက်ချင်စရာ
ကောင်းမနေဘူးလား၊အခုမှဖြစ်ပျက်နေတယ်
အရင်ကတော့ပျိုနုရွယ်ဇင်ဆိုရင်ရှိတယ်လို့
တောင်ထင်‌တာမဟုတ်ဘူး။

ရေသူမလေးရဲ့ချစ်သက်သေحيث تعيش القصص. اكتشف الآن