Part.14

940 99 1
                                    

Unicode

ဆည်းဆာထိုသို့လုပ်လိုက်မိတာမမှားဘူးမလား၊
လူသားတစ်ယောက်ကိုချစ်မိရင်သေမယ်ဆိုတာ
သာ'မမ'သိသွားရင်ဆည်းဆာကိုချစ်ပါအုံးမလား
ချစ်နေရင်တောင်မှဆည်းဆာရဲ့အဝေးကိုထွက်
ပြေးသွားမှာပင်၊ဆည်းဆာရူးမိုက်ကြည့်ချင်ပါရဲ့
သေရမယ်ဆိုလည်းနေရတဲ့ခဏတာမှာမမကိုချစ်
သွားချင်သည်၊တစ်ရက်ပျော်ရမယ်ဆိုလည်း
တစ်ရက်၊တစ်လပျော်ရမယ်ဆိုလည်းတစ်လ၊
အချိန်ဘယ်လောက်ပဲရရ'မမ'အနားမှာနေပြီး
ပျော်ပျော်ကြီးသေလိုက်ချင်ပါသည်၊

အဲ့တုန်းက'မမ'အိပ်ရာကနိုးလာတော့ထင်တဲ့
အတိုင်းလုံးဝမမှတ်မိခဲ့ပါ၊ဆည်းဆာအိပ်နေတယ်
ထင်ပြီးဆံပင်လေးသပ်ပေးလိုက်ပါးလေးကိုထိ
ကြည့်လိုက်နဲ့သဘောကျနေတာကြောင့်ဆည်း
ဆာငြိမ်ငြိမ်လေးသာနေပေးမိသည်၊ထို့နောက်
ဆည်းဆာကိုနူးနူးညံ့ညံ့ထွေးပွေ့ကာအနမ်းများ
ကိုပုံဖော်လေတော့ဆည်းဆာရင်ခုန်သံတွေကို
ကြားသွားမှာစိုးရိမ်ခဲ့ရသေးသည်၊နောက်တော့
ဆည်းဆာလည်းဟိုကိစ္စကြီးကိုမဖြစ်ခဲ့သလို
ဟန်ဆောင်ပြီးနေခဲ့မိပါသည်၊ဆည်းဆာသေမယ်
ဆိုတာကြီးကြောင့်ချစ်ရက်နဲ့တော့ခွဲမနေနိုင်ပါ၊
ဒါကြောင့်'မမ'ရဲ့မှတ်ညဏ်တစ်ချို့ကိုဖျက်ပစ်
လိုက်တာ၊အဲ့ဒါမှအဲ့ကိစ္စကိုမမှတ်မိတော့ရင်
ဆည်းဆာကိုဆက်ချစ်နေပြီးအတူတူ‌နေသွားမှာ၊
ကျေးဇူးပြုပြီးဆည်း‌ဆာရဲ့လုပ်ရက်မှန်ပါစေ။

"ဆည်းဆာ"

"ဟင်!!"

ဟုတ်ပါရဲ့'မမ'ကိုရေအောက်မှာထားခဲ့ကာ
ဆည်းဆာအပေါ်တက်လာမိပြီးအတွေးလွန်နေခဲ့
တာ၊ဘေးမှာ'မမ'ပြန်ရောက်လာတာကိုတောင်
မသိလိုက်ဘူးဖြစ်သွားသည်၊

"ဘာတွေစဉ်းစားနေတာလဲ..တစ်ခုခုဖြစ်ထား
လို့လား"

"ဟင့်အင်း!မဖြစ်ပါဘူး..ဆည်းဆာတွေးနေတာက
မမတို့ရဲ့မြို့ကြီးကိုလိုက်သွားရရင်အရမ်းပျော်
စရာကောင်းမှာပဲလို့စိတ်လှုပ်ရှားမိလို့ပါ"

"အဟား!ပျော်စရာကောင်းတာပေါ့ဒါပေမဲ့ဟိုကို
ရောက်ရင်'မမ'စကားကိုနားထောင်ရမယ်နော်"

"ဟုတ်"

သွန်း..ဆည်းဆာရဲ့ခေါင်းလေးကိုဖွဖွလေးပွတ်
ပေးလိုက်ကာ

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now