Part.23

944 111 0
                                    

Unicode

အပြန်လမ်းကသွန်းအတွက်တိတ်ဆိတ်နေလေ
သည်၊ကားပေါ်မှာထိုင်နေတဲ့သွန်းကလည်းစိတ်နဲ့
ကိုယ်နဲ့မကပ်၊ဆရာမကြီးပြောသွားတဲ့စကား..
အဲ့ဒီစကားကသွန်းကိုတစ်ကယ်ကြောက်စေတယ်
သွန်းဘာလုပ်ရပါ့မလဲ.လက်ပန်ကလည်းအားလုံး
ကိုမှတ်မိနေပြီဆိုရင်သွန်းတို့နှစ်ယောက်ကြားက
သူငယ်ချင်းသံယောဇဉ်တွေဖျက်လိုက်ပြီလား၊
လက်ပန်အရင်ကအကြောင်းတွေအကုန်သိနေရင်
ဆည်းဆာကိုလည်းမှတ်မိနေလောက်ရောပေါ့၊
သွန်းဆုံးဖြတ်ပြီးပြီ..အချက်နှစ်ချက်ကိုလုံးဝ
မဖောက်ဖျက်ဘူး၊အဲ့ဒါကတော့ပထမဦးဆုံး
အချက်ကဆည်းဆာရဲ့အချစ်ကိုပြန်ရအောင်ယူ
ရင်အတိတ်ကအကြောင်းကိုလုံးဝအစမဖော်ဘူး
ဘာလို့လဲဆိုတော့အရင်ကလိုသွန်းအဖြစ်မခံနိုင်
တော့ဘူး..ပူတူးကိုအဲ့လိုမျိုးထပ်မမြင်ချင်တော့
ဘူးလေ၊ဒုတိယအချက်ကတော့လက်ပန်နဲ့သွန်းရဲ့
ကြားကသူငယ်ချင်းသံယောဇဉ်ကိုအတက်နိုင်
ဆုံး..မပျောက်ကွယ်သွားအောင်သွန်းအချိန်ဆွဲ
ထားမှာ၊

သွန်းအတိတ်ဘဝကိုမမှတ်မိသေးတဲ့ပုံစံနဲ့
လက်ပန်ကိုဆက်ဆံမယ်၊အရင်အတိုင်းပဲသွန်း
သွားလာလှုပ်ရှားမယ်..အဲ့ဒါသွန်းဆုံးဖြတ်ချက်ပဲ
သွန်းတို့အတိတ်ဘဝကဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
အခုဘဝမှာမိဘမဲ့တွေဖြစ်တဲ့လက်ပန်နဲ့သွန်းက
တစ်ယောက်အပေါ်တစ်ယောက်အရမ်းကောင်းခဲ့
ကြတယ်လေ၊အတ္တကြီးတဲ့လက်ပန်ဟာသွန်းတို့
သံယောဇဉ်တွေကိုဖျက်ပစ်ချင်မှာစိုးရွံ့မိသည်။

"ဟူး!'

ဆည်းဆာရောင်ခြည်ဆိုတဲ့ကောင်မလေးက
ဘယ်လောက်များရူးမိုက်ပါသနည်း၊သွန်းမိုက်ရူး
ရဲဆန်တယ်ဆိုတာပူတူးကနေဖြစ်တည်လာသလို
ပူတူးမိုက်ရူးရဲဆန်မှုကလည်းသွန်းကြောင့်ဖြစ်
တည်လာတာတဲ့လေ၊အဲ့နေ့ကသာသွန်းရဲ့
မှတ်ညဏ်တွေကိုမဖျက်ခဲ့ရင်..လူတစ်ယောက်ကို
ချစ်လို့ပူတူးသေမယ်ဆိုတာကိုသာသွန်းသိခဲ့
ပါလျှင်ပူတူးကိုလုံးဝခေါ်သွားမှာမဟုတ်ပေ။

အခုတော့လည်းထိုအဖြစ်အပျက်တွေကမနေ့
တစ်နေ့ကလိုပင်၊သေဆုံးသွားတဲ့အထိအဲ့ဒီ့
မှတ်ညဏ်တစ်စိတ်တစ်ပိုင်းကိုတောင်သွန်းမမှတ်
မိခဲ့ပါ၊သွန်းသာအချိန်မှီမှတ်မိရင်ပူတူးကို
ပင်လယ်ထဲပြန်ပို့ပေးမိမှာ၊

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now