Part.44(Final) Unicode

2.4K 143 11
                                    

Unicode

ကားပေါ်ကဆင်းလာပြီးလက်ပန်အပျင်းကြော
ဆန့်မိသည်၊ခရီးလေးထွက်ရမယ်ဆိုတော့ပျော်
နေလိုက်ရတာ၊ဘယ်လိုလူကနယ်ဘက်ကိုခြေဆန့်
ခဲ့လည်းမသိဘူး၊ရွှေဘိုခရိုင်ထဲက'ကန့်ဘလူမြို့'
ကိုအလည်ထွက်မယ်ဆိုပြီးသွန်းခေါ်တာကြောင့်
လိုက်လာခဲ့တာပင်၊ကန့်ဘလူကလည်းမြို့တစ်ခု
ဖြစ်ပေမဲ့ခရီးဝေးလို့လက်ပန်ပြောနေရတာပင်၊
မန္တလေးကနေစီးလာရတာမို့အနည်းငယ်
တော့ခရီးပန်းနေမိသည်၊

"သွန်း..မြို့လေးကနေချင်စရာလေးနော်"

"အင်း..ငါနေဖို့စီစဉ်ထားတယ်အဲ့ကိုသွားကြမယ်
အခုတော့နင်တို့ဗိုက်ဆာနေကြပြီမလား..တစ်ခုခု
ဝင်စားကြမယ်လေ"

"မာညီရေ..တထုထုစားလို့ရဝူးယေ..တထုထုက
ဒုတ်ထ(ဒုက္ခ)‌ရောက်ယယ်တဲ့..တထုထုစားဝူး"

သမီးအပြောကြောင့်သွန်းမှာခရီးပန်းနေတာ‌
တောင်ပျောက်ချင်သွားသည်၊ဒါကိုတော့
ဒေါ်ဆည်းဆာရောင်ခြည်ကိုရှင်းခိုင်းရမည်၊သူ
ပြောထားတာဆိုတာသူပဲရှင်းတက်မှာ

"ပူတူး..သမီးကိုရှင်းပြလိုက်ပါအုံး..တစ်ခုခုက
ဒုက္ခရောက်တက်တယ်တဲ့..မစားဘူးလုပ်နေ
တယ်"

"သမီး..တစ်ခုခုဆိုတာက..ဘယ်လိုပြောရမလဲ"

ကလေးကိုဘယ်လိုဖြေရှင်းရမလဲမသိဖြစ်နေတဲ့
ဆည်းဆာကို‌ကြည့်ပြီးကျန်တဲ့သုံးယောက်က‌
တော့ပြုံးနေကြလေသည်၊ညဏ်ကြီးရှင်ကြီးက
ဘယ်လိုပြောမလဲဆိုတာကိုသိချင်နေတယ်
ဆိုရင်ပိုမှန်လိမ့်မည်။

"အာ..သမီးကိုအဲ့ဒီတစ်ခုခုမကျွေးဘူးနော်
ထမင်းပဲကျွေးမယ်..ဟုတ်လား"

"ဟုတ်..တထုထုစားဝူးနော်..မေမေရောမာညီရော
တီတီချားနဲ့တီတီကျိုရောစားရဝူး"

"ဟုတ်ပါပြီ..မစားဘူးနော်..လာမေမေ့ဆီကို"

"ဟုတ်"

သမီးကိုချီပြီးဆိုင်ထဲအရင်ဝင်သွားတဲ့ဆည်းဆာ
ကြောင့်သွန်းအနောက်ကနေအမြန်ပြေးလိုက်ရ
လေသည်၊ကိုယ့်မျက်စိရှေ့ကနေတစ်ခြားဘယ်
နေရာမျိုးမှာမဆိုစိတ်မချနိုင်တာကြောင့်ပင်၊

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now