Part.19

879 108 9
                                    

Unicode

ဒေါသထွက်နေတဲ့သွန်းကဆည်းဆာကိုအရင်လုံး
အသုံးအနှုန်းတွေမခေါ်တော့ပဲဆည်းဆာကိုမင်း
နဲ့ငါသုံးနေတာကြောင့်လက်သီးကိုတင်းတင်းဆုပ်ထားလိုက်သည်.အစထဲကသာဒီလိုသတ္တိ
မရှိရင်ဆည်းဆာကိုဖွင့်ပြောမနေနဲ့တော့ပေါ့..
ကိုယ့်မှာသူ့ကိုချစ်လို့ဖြစ်လာမဲ့အနာဂတ်တွေကို
မေ့ထားပြီးမျက်စိစုံမှိတ်ပြီးလိုက်လာခဲ့တာ၊
ကိုယ့်အတွက်ပဲ့ကိုင်ရှင်တစ်ယောက်လို့ယုံကြည်
ပြီးလိုက်လာခဲ့တာ.အခုတော့ဆည်းဆာကိုထိခိုက်
မှာ‌ဆိုးလို့ဆည်းဆာတစ်ခုခုဖြစ်သွားမှာဆိုးလို့
ဆိုပြီးအဝေးကိုအတင်းတွန်းပို့ချင်နေတာကြီးက
တော့ဆီလျော်မှုလုံးဝရှိမနေဘူး၊ဆည်းဆာကိုကျောပေးထားတဲ့'မမ'ကိုကြည့်ပြီးရှိုက်သံမထွက်
အောင်နှုတ်ခမ်းကိုခပ်နာနာလေးကိုက်ထားလိုက်
မိသည်၊သူပြောသလိုခွဲနေကြပါမယ်တဲ့ဆည်းဆာ
တို့နှစ်ယောက်လုံးပျော်နိုင်ကြမှာလဲ..

"မနက်ဖြန်ပြန်ဖို့အတွက်စီစဉ်..ပူတူး!!!..ကျစ်
ဘာလို့အဲ့ဒီမျက်ရည်တွေကကျလာရတာလဲ"

"ပြန်ရမယ်ပေါ့..အခုမင်းကိုငါချစ်တယ်မင်းကို
လိုအပ်တယ်..ငါနဲ့လိုက်ခဲ့..အခုမလိုအပ်တော့ဘူး
မင်းပြန်လို့ရပြီမင်းနေရပ်ကိုပြန်တော့..အဲ့လိုမျိုး
အခုခေါ်လာလိုက်အခုပြန်ပို့လိုက်နဲ့လုပ်လို့ရတဲ့
အရာတစ်ခုလား!!ရတယ်..ဆည်းဆာပင်လယ်
ကိုပြန်ရောက်သွားရင်တော့ဆည်းဆာရဲ့မျက်နှာ
ကို'မမ'ဘယ်တော့မှပြန်မြင်ရမှာမဟုတ်ဘူး!!!"

"မဟုတ်ဘူးပူတူး..မင်းကိုအဲ့ဒီလိုသဘောထားခဲ့
တာမဟုတ်ပါဘူး..အဲ့ဒါချစ်လို့လေမင်းကိုအရမ်း
ချစ်လို့တစ်ခုခုဖြစ်သွားမှာအရမ်းကြောက်လို့
လေ'မမ'ကိုအတ္တကြီးခွင့်ပေးပါမင်းတစ်ခုခုဖြစ်
လာမှာကို'မမ'ကြည့်မနေနိုင်!"

"ဆည်းဆာကိုလက်ထပ်ရဲလား"

"ဟမ်!!''

သွန်းရဲ့နားထဲဗုံးတစ်လုံးအရှိန်အဟုန်ပြင်းပြင်းနဲ့
ပေါက်ကွဲသွားသလိုကျယ်လောင်စွာမြည်ဟီးနေခဲ့သည်သိသိသာသာခုန်ပေါက်နေတဲ့ရင်ဘက်တစ်စုံကပျော်ရွှင်မြူးတူးနေမှာအသေအချာပင်၊သွန်းကိုယ့်ကိုကိုယ်ရှက်ရွံ့စွာမျက်နှာကိုတစ်ချက်ပွတ်ဆွဲလိုက်ပြီးခေါင်းတွေကိုဆွဲဖွကာထိုင်ချလိုက်မိတော့သည်၊ပူတူး..ပူတူးကသွန်းကိုလက်ထပ်ဖို့အထိတွေးနေခဲ့တာကိုသွန်းကတော့အမြဲရှောင်ပြေးနေခဲ့မိတာ..လက်ပန်ပြောခဲ့ဘူးသ‌လိုပဲသွန်းဟာစဉ်းစားညဏ်မရှိတဲ့မိန်းမတစ်ယောက်ဖြစ်နေခဲ့ပြီလား။

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now