Part.9

992 122 1
                                    

Unicode

အကြည့်ချင်းဆုံနေကြပေမဲ့သွန်းမျက်နှာကအရှုံး
မပေးချင်တဲ့အရိပ်အယောင်ပေါ်နေပေမဲ့မျက်နှာ
ချင်းဆိုင်ကမိန်းမကတော့အနိုင်ယူပြမယ်ဆိုတဲ့
အကြည့်နဲ့ပေ၊ထို့နောက်ထိုမိန်းမကသွန်းနားကို
ဖြည်းဖြည်းချင်းလျှောက်လာပြီး

"ဒီအိမ်ကိုငါကသိပ်ပြီးနေချင်နေတယ်ထင်မနေနဲ့
အမေနဲ့ပတ်သတ်လို့တော်ရမဲ့ဆွေမျိုးကိုငါကလဲ
အသိအမှတ်မပြုဘူး!အဖေဆိုပြီးအမေ့ရဲ့
ယောက်ျားကိုရိုသေရှိခိုးနေမှာမဟုတ်သလိုနင့်ကို
လည်းညီမဆိုပြီးအလျှော့ပေးမှာမဟုတ်ဘူး!
နင်ရောနင့်အဖေရောငါနဲ့ဘာမှမတော်စပ်ဘူး!!
အဲ့ဒါကြောင့်ငါ့ဘက်ကဘာမဆိုလုပ်ရဲတယ်ဆို
တာမှတ်ထားလိုက်!!"

ထိုမိန်းမကထိုသို့ပြောပြီးအိမ်ပေါ်ထပ်ကိုတက်
သွားတာကြောင့်သွန်းတစ်ယောက်ထဲသာစားပွဲ
‌မှာထိုင်ရင်းကျန်နေခဲ့သည်၊သွန်းဘာမှပြန်မပြော
လိုက်တာဟာဖေဖေ့ကြောင့်၊တစ်ခုခုပြဿနာဖြစ်
တာနဲ့ဖေဖေပဲစိတ်ဆင်းရဲရမှာမလား၊သွန်းဘက်
ကသူတို့သားအမိကိုလက်မခံပေးနိုင်ရင်တောင်
လိုက်လျောညီထွေအောင်နေပေးမယ်လို့စဉ်းစား
ထားပြီးသားပေ၊ဒါကြောင့်မို့လို့သွန်းငြိမ်ခံလိုက်
တာဖြစ်သည်။

ထမင်းလည်းစားချင်စိတ်မရှိတာကြောင့်
အိမ်အကူကိုခေါ်ပြီးသိမ်းခိုင်းလိုက်ကာသွန်း
အပြင်ကိုထွက်လာခဲ့လိုက်သည်၊ပျော်စရာမရှိ
တော့တဲ့ထိုအိမ်ကြီးထဲမှာလည်းသွန်းမနေနိုင်ပါ၊
မေမေရှိတုန်းကအတူတူနေထိုင်ခဲ့တဲ့ပုံရိပ်တွေက
သွန်းခေါင်းထဲမှာစွဲနေပေမဲ့အခုတော့မေမေ့နေရာ
မှာအခြားမိန်းမတစ်ယောက်ရှိနေခဲ့သည်၊ထိုမိန်းမ
ကလည်းမေမေ့လိုဖေဖေ့မိန်းမပါပဲဒါပေမဲ့သွန်းရဲ့
မေမေတော့မဟုတ်ဘူး။

စိတ်ညစ်ညစ်နဲ့ပန်းခြံကိုထွက်လာလိုက်ပြီးလေ
ကောင်းလေသန့်များကိုရှူရှိုက်မိလိုက်တော့အပူ
တဝက်နီးပါးလျော့နည်းသွားသလိုပင်၊'အိမ်'
ဟုတ်တာပေါ့ထို'အိမ်'ဆိုတဲ့အရာကြီးကိုအရင်က
သွန်းခင်တွယ်ခဲ့ဖူးသည်၊အခုတော့ထို'အိမ်'ကြီးနဲ့
ဝေးရာကိုသာပြေးထွက်သွားချင်မိသည်။

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now