Part.4

1.1K 135 4
                                    

Unicode

💛💛💛💛💛~~1994ခုနှစ်~~💛💛💛💛💛

အိမ်ပေါ်ထပ်ကနေခနဲ့တဲ့တဲ့အပြုံးကိုပန်ဆင်ပြီး
ဆင်းလာတဲ့သွန်းရဲ့အစ်မ၊တစ်နည်းအားဖြင့်
ပြောရရင်အဖေ့နောက်မိန်းမရဲ့မယားပါသမီးပေါ့

"သွန်း..သူကဘယ်သူလဲ"

"ကျွန်မသူငယ်ချင်း"

"ချစ်စရာလေးပဲ"

ထိုမယားပါသမီးကသွန်းဘေးမှာထိုင်နေတဲ့
စိမ်းပြာရောင်ဆံနွယ်ပိုင်ရှင်လေးကိုမျက်
တောင်မခတ်ပဲစိုက်ကြည့်နေလေသည်၊စိတ်ထဲ
မသိုးမသန့်ဖြစ်လာတာမို့ဘေးကပုံရိပ်ငယ်လေး
ရဲ့လက်အားဆွဲကာအိမ်ပေါ်ကိုခေါ်ခဲ့လိုက်သည်၊

"နေပါအုံးသွန်းရဲ့..ဘာတွေတိုနေတာလဲ"

"သူက..ခင်ဗျားရဲ့ကစားလို့ရတဲ့အရုပ်တွေထဲမှာ
မပါဘူး..လွှတ်ထားပေးပါ"

"ငါကအတည်စိတ်ဝင်စားတယ်ဆိုရင်ရော"

သွန်းအရှေ့ကသွေးမတော်သားမစပ်အစ်မဖြစ်သူ
အားခပ်စူးစူးစိုက်ကြည့်လိုက်ပြီးရန်စလို့ကောင်း
တဲ့အရာမဟုတ်လို့ရှောင်ထွက်ဖို့သာဆုံးဖြတ်
လိုက်သည်၊ထိုမယားပါသမီးကရုပ်ချော
သလောက်ရက်စက်ပါသည်၊မလုပ်နိုင်တာလဲ
မရှိသလိုမရဖူးတာလဲမရှိတစ်ခုခုဆိုရင်ဆည်းဆာ
ကိုပဲထိခိုက်လာမှာကြောင့်သွန်းစိတ်ကိုလျှော့
ထားတာပင်၊သွန်းသေသွားတာပဲဖြစ်ဖြစ်နာကျင်
တာပဲဖြစ်ဖြစ်လက်ခံနိုင်ပေမဲ့ဘေးကပုံရိပ်ငယ်
လေးကိုတော့နည်းနည်းမှအထိအခိုက်မခံနိုင်၊
သတ္တိကြောင်လို့သွေးနည်းလို့ရှောင်ထွက်နေတာ
မျိုးမဟုတ်ရပါ။

"ခွင့်ပြုပါအုံး"

"သွန်း!..ငါလိုချင်တာကိုနင်ဘယ်လိုနည်းနဲ့မှတား
လို့ရမှာမဟုတ်မှန်းသိတယ်မလား"

"သူကတော့မဖြစ်ဘူး..နင်ကစားမဲ့အရုပ်တစ်ခု
အဖြစ်ငါကြည့်မနေနိုင်ဘူး"

"ဇင်ယော်သွန်း!!!"

"ဟင့်..မမကိုဘာမှမလုပ်ပါနဲ့နော်!!"

သွန်းကိုရိုက်ဖို့ရွယ်လိုက်ပေမဲ့အရှေ့ကနေဝင်ကာ
တဲ့အလှလေးကြောင့်မဲ့ပြုံးတစ်ခုဖန်တီးမိလိုက်
ပါသည်၊ပိုစိတ်ဝင်စားစရာကောင်းသွားပြီ..
အရုပ်မလေး။

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now